Saturday, July 13, 2019

ချေးငွေရရန် ခက်သော်လည်း ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် မြန်မာလုပ်ငန်းရှင်များ စီစဉ်နေ

 ချေးငွေရယူမှုနှင့် ပွင့် လင်းမြင်သာမှုကဏ္ဍသည် မြန်မာ နိုင်ငံမှ စီးပွားရေးလုပ်ငန်းလုပ် ကိုင်သူများအတွက် ခက်ခဲမှုရှိ နေသော်လည်း လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ပြုလုပ်ရန်  စီစဉ်နေကြောင်း အောက်စဖို့ဒ် စီးပွားရေးအုပ်စု၏ စစ်တမ်းတွင်  လုပ်ငန်းရှင်များက ဖြေဆိုထား သည်။ မြန်မာနိုင်ငံ၏ လုပ်ငန်း ကဏ္ဍပေါင်းစုံမှ အကြီးတန်းအရာ  ရှိချုပ် ၁၀၀ ကျော်ကို မျက်နှာချင်း ဆိုင်တွေ့ဆုံပြီး မေးခွန်းများ မေး မြန်း၍ အောက်စဖို့ဒ်စီးပွားရေး အုပ်စုက မြန်မာ CEO စစ်တမ်းကို ထုတ်ဝေခြင်းဖြစ်သည်။ ယခုစစ် တမ်းကို ၂၀၁၈ စက်တင်ဘာမှ ၂၀၁၉ ဇွန်အထိ ၁၀ လကြာ ကောက်ခံရရှိသည့် အချက်အ လက်များကို အခြေခံထုတ်ဝေ ခြင်းဖြစ်သည်ဟု  အောက်စဖို့ဒ် စီးပွားရေးအုပ်စုက ထုတ်ပြန်ခြင်း ဖြစ်သည်။



စစ်တမ်းကောက်ယူရန် စီး ပွားရေးလုပ်ငန်းလုပ်ကိုင်သူများ  ကိုမေးမြန်းရာ ဖြေဆိုသူ ၈၂ ရာ ခိုင်နှုန်းက ချေးငွေရယူမှုနှင့် ပွင့် လင်းမြင်သာမှုတို့တွင် အခက် အခဲရှိနေသည်ဟု Myanmar CEO စစ်တမ်းသို့ဖြေဆိုသည်။

ဖြေဆိုသူ ၆၉ ရာခိုင်နှုန်းက မကြာမီစီးပွားရေးတိုးတက်လာ မည်ဟု ဖြေကြားသကဲ့သို့ ၆၆  ရာခိုင်နှုန်းကလာမည့် နှစ်အတွက် ရင်းနှီးမြှုပ်နှံမှုများထပ်မံပြုလုပ် ရန်စီစဉ်ထားကြောင်း ထုတ်ဖော် ပြောဆိုသည်ဟု စစ်တမ်းက ဖော်ပြသည်။  နိုင်ငံရေးအခြေအနေများ ကြောင့် လျော့ပါးသွားသော နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုကို လက်လီ လုပ်ငန်းနှင့် အာမခံလုပ်ငန်းဖြေ လျှော့မှုများဖြင့် အစိုးရက တုံ့ ပြန်ရန် ကြိုးစားနေခြင်းအပေါ် ကောင်းမွန်သော လုပ်ဆောင် ချက်ဟု အောက်စဖို့ဒ်စီးပွားရေး  အုပ်စု၏ အာရှဒေသတွင်းဆိုင်ရာ အယ်ဒီတာ Patrick Cook က သုံးသပ်သည်။ အောက်စဖို့ဒ်စီးပွားရေးအုပ် စုသည် အာရှ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် အမေရိက တိုက်တို့မှ နိုင်ငံပေါင်း ၃၀ တွင် သုတေသနနှင့် အတိုင်ပင်ခံလုပ် ငန်းများလုပ်ကိုင်နေသည်။

No comments:

Post a Comment