Saturday, July 13, 2019

ပလက်ဝမြို့ပေါ်တွင် ရေဘေးသင့်သူ ၆၆ဝ ဦးရှိ

Image may contain: sky, outdoor and natureမိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ ကုလားတန်မြစ်ကမ်းနားနှင့်နီးသော နေအိမ်များတွင်နေထိုင်သော အိမ်ထောင်စု ၁၂၁၊ လူဦးရေ ၆၆ဝဦး ရေဘေးသင့်ဒါဏ်ကို ခံနေရကြောင်း သတင်းရရှိသည်။ ပလက်ဝလူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့အတွင်းရေးမှူးကိုကျော်အောင်က "နတလကျောင်းတော့ အကုန်မြုပ်နေသလောက်ဖြစ်နေပြီ။ ကျောင်းသားတွေကို အားကာခန်းမမှာ နေရာချပေးထားတယ်။ ကျန်တဲ့မိသားစုတွေတော့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် နီးစပ်ရာဆွေမျိုးတွေရဲ့အိမ်မှာ လောလောဆယ်ခိုလုံနေကြတယ်" ဟု ခူမီးမီဒီယာသို့ ပြောသည်။


ရေဘေးသင့်သော စာရင်းမှာ
နတလ ၁၇၃ ကျောင်းသားများ
မြို့မရပ်ကွက် - အိမ်ခြေ ၃၈၊ လူဦးရေ- ၁၅၂ ဦး
ရွာမရပ်ကွက် အိမ်ခြေ - ၆၈၊ လူဦးရေ- ၂၇၂ ဦး
ရိက္ခာရပ်ကွက် အိမ်ခြေ - ၁၅၊ လူဦးရေ - ၆၃ ဦး
စုစုပေါင်း - အိမ်ခြေ - ၁၂၁၊ လူဦးရေ ၆၆ဝ ဦး

အဆိုပါစာရင်းသည် ရေဘေးသင့်သော ပလက်ဝမြို့ပေါ်နေလူဦးရေစာရင်းသာဖြစ်ပြီး နယ်ကျေးရွာများမှ စာရင်းမရရှိနိုင်သေးကြောင်း သိရသည်။

No comments:

Post a Comment