Saturday, July 13, 2019

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းများပြန်လည်စတင်

တိုင်းဒေသကြီး၊ ပြည် နယ်အလိုက်အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းများပြန်လည်  စတင်နေပြီဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တာဝန် ရှိသူတစ်ဦးကပြောသည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီအစည်းအဝေး ခေါ် ယူနိုင်ခြင်းမရှိသေးသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များ၏   ကော်မတီများက အနည်းဆုံးအ ခကြေးငွေပြန်လည် သုံးသပ်ရေး လုပ်ငန်းများကြိုတင်ပြုလုပ်ခြင်း ဖြစ်သည်။



‘‘တိုင်းဒေသကြီး၊ ပြည်နယ်  တွေက လုပ်ငန်းတွေပြန်စဖို့ကို လည်း လမ်းညွှန်ထားပြီးဖြစ်ပါ တယ်။ တချို့တိုင်းဒေသကြီးတွေ မှာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး  တွေစနေပြီလို့လည်း သတင်းရ ပါတယ်’’ ဟု အထက်ပါ တာဝန် ရှိသူကပြောသည်။

လက်ရှိတွင် တနင်္သာရီ တိုင်းဒေသကြီး၌ ယင်းကော် မတီလုပ်ငန်းအစည်းအဝေး ပြု လုပ်ပြီးဖြစ်ကြောင်း အဆိုပါတိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ် ပြန်သည်။

ထို့အပြင် အခြားတိုင်းဒေ သကြီးနှင့် ပြည်နယ်များလည်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီး အနည်းဆုံး အခ ကြေးငွေပြန်လည်သုံးသပ်ရေး၊  နေထိုင်မှုစရိတ်စစ်တမ်းကောက် ယူခြင်းများရက်ပိုင်းအတွင်း စ တင်ရန် ပြင်ဆင်နေသည်။

‘‘ဌာနဖွဲ့စည်းပုံကို ပြန်ပြင် ဖို့လုပ်နေလို့မစဖြစ်သေးတာပါ။ ဖွဲ့စည်းပုံကျလာရင်တော့နောက် တစ်ပတ်လောက်ဆိုရန်ကုန်မှာ   အနည်းဆုံးအခကြေးငွေ သတ် မှတ်ရေးဆိုင်ရာကော်မတီ အ စည်းအဝေးစပြီးခေါ်ဖို့မျှော်မှန်း ထားပါတယ်’’ ဟု ရန်ကုန်တိုင်း ဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ  ကို ၂၀၁၈ မေလက ဒုတိယအ ကြိမ်ပြင်ဆင်သတ်မှတ်ပြီး ၂ နှစ် လျှင်တစ်ကြိမ်ပြန်လည်သုံးသပ်ရ မည်ဟု အနည်းဆုံးအခကြေးငွေ ဥပဒေတွင် ပြဋ္ဌာန်းထားသဖြင့်  တတိယအကြိမ်နှုန်းထားပြင်ဆင် သတ်မှတ်ရန် စီစဉ်ခြင်းဖြစ် သည်။ ‘‘ကြိုပြီးပြင်ဆင်ထားမှသတ် မှတ်ချိန်အတွင်းလုပ်ငန်းတွေအ ပြီးသတ်နိုင်မှာ။ ဒါကြောင့် ကြို တင်ပြင်ဆင်မှုလုပ်ငန်းတွေစော စောစနိုင်ဖို့အတွက် အရေးကြီး တယ်’’ ဟု အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးဆိုင်ရာအမျိုး သားကော်မတီအဖွဲ့ဝင် ဦးနော် အောင်ကပြောသည်။

No comments:

Post a Comment