Saturday, July 13, 2019

လပေါ်ကိုပထမဆုံးသွားရောက်ခဲ့စဉ်က ပစ္စည်းများကို လေလံတင်ရောင်းချမည်

Apollo 11 အာကာသစီမံကိန်းရဲ့ လပေါ်သွားရောက်ခဲ့တဲ့ပထမဆုံးခရီးစဉ်ဟာ မကြာမီအချိန်မှာ နှစ်(၅၀)ပြည့်တော့ မှာဖြစ်ပါတယ်။ဒီနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပထမဆုံးလပေါ်သွားရောက်ခဲ့စဉ်က ပါလာခဲ့တဲ့ပစ္စည်းတွေကို လေလံတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။  လေလံကုမ္ပဏီက ဒီလေလံပွဲကို 'One Giant Leap: Celebrating Space Exploration 50 Years After Apollo 11' လို့အမည်ပေးထားပြီး ပစ္စည်းပေါင်း(၂၀၀)လောက်ကို လေလံတင်ရောင်းချမှာဖြစ်ပါတယ်။

အဲ့ဒီရောင်းချမယ့်ပစ္စည်းတွေထဲမှာ Apollo 11 LM Timeline Book လို့အမည်ပေးထားတဲ့ လပေါ်မှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အသေးစိတ်တွေကို မှတ်တမ်းတင်ရေးသားထားတဲ့ မှတ်တမ်းစာအုပ်ကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၇)သန်းကနေ (၉)သန်းထိရရှိဖို့မျှော်လင့်တယ်လို့ လေလံကုမ္ပဏီကတာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် လပေါ်ဆင်းသက်တုန်းက ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေနဲ့အခြားပစ္စည်းတွေအပြင် လပေါ်ကရရှိခဲ့တဲ့ သဲမှုန်အနည်းငယ်တို့ကို လေလံတင်ရောင်းချမှာဖြစ်ပါတယ်။
Apollo 11 လပေါ်ပထမဆုံးဆင်းသက်ခဲ့တဲ့သူတွေကတော့ Neil Armstrong နဲ့ Buzz Aldrin တို့ဖြစ်ပြီး သူတို့ဟာ (၁၉၆၉)ခုနှစ်ဇူလိုင်လ(၂၀)ရက်နေ့က လပေါ်ကိုပထမဆုံးဆင်းသက်ခဲ့ကြတာဖြစ်ပါတယ်။ ဇူလိုင်လ(၁၈)ရက်မှာ ဒီလေလံပွဲကိုစတင်မှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment