Saturday, July 13, 2019

စည်ပင်ဧည့်ရိပ်သာတွင် ရွှေခိုးမှုဖြင့် လွှတ်တော်ကိုယ်စားလှယ်တဦး၏ ချွေးမကို ဖမ်းဆီး

လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ ၂ ၀င်းအတွင်းမှာ ဇူလိုင် ၁၁ ရက်နေ့က ရွှေထည်ပစ္စည်းတွေ ခိုးယူမှုဖြစ်ပွားခဲ့ပြီး ခိုးယူခဲ့တဲ့ တရားခံဟာ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ချွေးမဖြစ်ပြီး ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ချွေးမက ခိုးတယ်ပြောတာပဲ။ သက်သေပစ္စည်းတွေလည်း မိတယ်ပြောတယ်။ အခိုးခံရတဲ့ ကိုယ်စားလှယ်အမျိုးသမီးကို ရဲစခန်းက ပြန်အပ်ပြီးပြီလို့လည်း ကြားရတယ်။ ဒီလိုဖြစ်တာတော့ မကောင်းဘူးပေါ့ဗျာ”လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။



ရွှေထည်ပစ္စည်းတွေနဲ့အတူ တရားခံဟာ စည်ပင်ဧည့်ရိပ်သာ ၂ အဆောင် ၁၃ အခန်း ၈ မှာ ခေတ္တလာရောက် တည်းခိုနေထိုင်သူဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ချွေးမဖြစ်တယ်လို့လည်း သိရပါတယ်။

“တရားခံပဲပြောပါတော့။ သူကိုတော့ အမှတ် ၁ စခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်” လို့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။

အခိုးခံရတဲ့ ပစ္စည်တွေဟာ ကာလတန်ဖိုး ကျပ် ၁၀၄ သိန်းတန်ဖိုးရှိပြီးတော့ အဲ့ဒီအထဲမှာ စိန်လက်စွပ် ၂ ကွင်း၊ စိန်လက်ကောက် ၁ ကွင်း၊ ၅ မူးသား ရွေလက်ကောက် ၉ ကွင်း၊ ရွှေခြေချင်း ၁ ကွင်း ပါဝင်တယ်လို့ သိရပါတယ်။

အမှုကို သက်ဆိုင်ရာရဲစခန်းမှာ ပျောက်ဆုံးသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးက ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်တိုင်ကြားထားခဲ့တာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment