Saturday, July 13, 2019

ဧရာဝတီဘဏ်ကို ဗဟိုဘဏ်အရေးယူမည်မဟုတ် ဗစ်တိုးရီးယားအတွက် ငွေစာရင်းကိုင်သူနှင့် လှူဒါန်းသူများကို ဧရာဝတီဘဏ်တောင်းပန်

ဗစ်တိုးရီးယားအမှုကိစ္စ နှင့် ပတ်သက်၍ အလှူငွေ ကောက်ခံနေသည့် ဘဏ်ငွေ စာရင်းကို ဧရာဝတီဘဏ်က ပိတ် သိမ်းခြင်းအပေါ် ဗဟိုဘဏ်က အရေးယူမည်မဟုတ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ဗစ်တိုးရီးယားအမှု အ ထောက်အကူဖြစ်ရေးနှင့် ကလေး ငယ်ရေရှည်ဖွံ့ဖြိုးမှုအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဘဏ်ငွေ စာရင်း ဘဏ်အကောင့်သို့ ငွေလွှဲ ၍မရဘဲ Suspend (ဆိုင်းငံ့)ထား ခြင်းကို ဧရာဝတီဘဏ်က ဇူလိုင် ၁၁ ရက်တွင် လေးနာရီကြာ အောင် ပြုလုပ်ခဲ့သည်။



‘‘ဒီကိစ္စက နည်းနည်းရှုပ် ထွေးပါတယ်။ ဗဟိုဘဏ်က အရေးယူတာတော့ မရှိပါဘူး။ မလုပ်ပါဘူး’’ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ဆိုသည်။

အဆိုပါ ငွေစာရင်း ပိတ်ခံရ မှုနှင့် ပတ်သက်ပြီး ငွေစာရင်းပိုင် ရှင် ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို)ကို ဧရာဝတီဘဏ်က အုပ်ချုပ်ရေးအဖွဲ့က အနူးအ ညွတ်တောင်းပန်ကြောင်း ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ ရပ်ဆိုင်းရန် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ က ညွှန်ကြားခြင်းဖြစ်သည်ဟု ဘဏ်ကဆိုသည်။ ထိုညွှန်ကြား ချက်အရ ဘဏ်ငွေစာရင်းအ ကောင့်ကို  ခေတ္တရပ်ဆိုင်းခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ရပ် ဆိုင်းပြီးနောက် ဘဏ်အုပ်ချုပ် ရေးအဖွဲ့က ပြန်လည်စိစစ်ဆွေး နွေးတိုင်ပင်ရာ၌ ယုံကြည်စွာ အပ် နှံသော ငွေစာရင်းပိုင်ရှင်ကို ဝန် ဆောင်မှု ဆက်လက်ပေးရန် ဆုံး ဖြတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရပ်ဆိုင်းခဲ့သည့် အ ခိုက်အတန့်အတွင်း ဘဏ်စာရင်း ပိုင်ရှင်နှင့် အလှူရှင်များ စိတ်အ နှောင့်အယှက်ဖြစ်ရခြင်းကို ဧရာ ဝတီဘဏ်က တောင်းပန်ခဲ့သည်။

ဘဏ်အကောင့် ရပ်ဆိုင်း ခြင်းကို ဗဟိုဘဏ်က သိရှိခြင်း မရှိ သလို ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ ထိုသို့ဆောင်ရွက်ခွင့်မရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ဇူလိုင် ၁၁ ရက်တွင် ပြော သည်။  မဖွယ်မရာပြုကျင့်ခံရသည့် နေပြည်တော် Wisdom Hill မူကြို ကျောင်းသူ ဗစ်တိုးရီးယားအ တွက် ရည်ရွယ်ကာ အနုပညာရှင် ၏ဇနီး၊ ဆေးတက္ကသိုလ် ကလေး ကျန်းမာရေးဌာနကထိက၊ ရတနာဆိုင်ပိုင်ရှင် စသူတို့က ဦးဆောင် ၍ ဧရာဝတီဘဏ်တွင် ဖွင့်လှစ် ထားသော ငွေစာရင်းမှတစ်ဆင့် အလှူငွေများ ကောက်ခံနေခြင်း ဖြစ်သည်။
အလှူငွေများကို ဗစ်တိုးရီး ယား၏ မိဘနှစ်ပါး ငွေကြေးဆိုင် ရာ အခက်အခဲမဖြစ်စေရေး၊ အမှု ရင်ဆိုင်ရာတွင် အထောက်အကူ ဖြစ်ရေး၊ ကလေးငယ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ် ကြောင်း Victoria's Finance Team အဖွဲ့ဝင် ဒေါ်အေးအေးမျိုး ဆက်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။ ဘဏ် စာအုပ်နှင့် ATM ကတ်ကို ဗစ်တိုး ရီးယားမိသားစုနှင့် အနီးကပ်ကူညီ ဆောင်ရွက်နေသူကို ဒေါက်တာ ဝင်းကိုကိုသိန်းထံ ထားရှိမည်ဖြစ် သော်လည်း ငွေထုတ်ယူနိုင်ရန် Finance Team မှ အနည်းဆုံး သုံးဦး၏ သဘောတူညီမှုရရန် လိုအပ်သကဲ့သို့ Mobile Banking ဖြင့် ထုတ်ယူမည်ဆိုလျှင်လည်း အသုံးပြုသူ အမည်နှင့် လျှို့ဝှက် နံပါတ်ကို Finance Team ထံမှသာ ရယူနိုင်ရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment