Saturday, July 13, 2019

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလီယံ ၈၀ ကျော်ရှိလာ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍသည် ၂၈ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်

၁၉၈၈ မှ ယခုနှစ်ဇွန်လ ကုန်အထိ ပြည်တွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီ လီယံ ၈၀ ကျော်ရှိသည်။ အဆိုပါပမာဏတွင် ရေနံ နှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ စုစု ပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် အများဆုံးဝင် ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထုတ် ပြန်ချက်က ဆိုသည်။ လျှပ်စစ်ကဏ္ဍသည် ၂၆ ရာ ခိုင်နှုန်းကျော်ဖြင့် ဒုတိယအများ ဆုံးနေရာတွင်ရှိပြီး ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၌ ၁၄ ရာခိုင်နှုန်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုပမာဏအများဆုံးတတိယနေ ရာတွင် ရှိနေသည်။



ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍသည် ယခင်ဘဏ္ဍာနှစ်သုံး နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ခြင်းမရှိဘဲ ယခုဘဏ္ဍာ နှစ်မှသာ ဒေါ်လာ ၁၀ သန်းကျော် ၀င်ရောက်ထားသည်။

အလားတူ ယခုနှစ်တွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံ ထားသည့် ပမာဏတွင်လည်း လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ၀ ဒသမ ၀၃ ရာခိုင်နှုန်းခန့်သာရှိ သည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ငါးဘီလီယံ ကျော်မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလ သာလိုတော့ချိန် ဇွန်လကုန်အထိ ၃ ဒသမ ၁ ဘီလီယံကျော်ဝင် ရောက်ထားသည်။

ပြည်တွင်းစီးပွားရေးကဏ္ဍ ၁၂ ခုတွင် နှစ် ၃၀ ကျော်အတွင်း ပြည်ပ ၄၉ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူ နိုင်ငံမှ ဒေါ်လာ ၂၁ ဒသမ ၇၃၇ ဘီလီယံဖြင့် အများဆုံးဝင်ရောက် ထားပြီး တရုတ်နိုင်ငံမှ ဘီလီယံ ၂၀ ကျော်ဖြင့် ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံထားသည်။ ယခုလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစာရင်းအရ ကန် ဒေါ်လာ ၉၃ သန်းနှင့်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ခုနစ်ဘီလီယံကျော် ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၁၁/၂၀၁၉) အစည်း အဝေးတွင် ခွင့်ပြုခဲ့သည်။

No comments:

Post a Comment