Saturday, July 13, 2019

ဝင်ဘယ်ဒန်အိုးပင်းတွင် ဖက်ဒါရာက နဒါးလ်ကိုနိုင်ပြီး ဗိုလ်လုပွဲတက်

ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲမှာ အသက် ၃၇ နှစ်အရွယ် ဖက်ဒါရာက စပိန်တင်းနစ်အကျော်အမော် နဒါးလ်ကို ၆-၇၊ ၆-၁၃-၆၊ ၄-၆ နဲ့အနိုင်ရရှိပြီးတော့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အသာရလေ့မရှိတဲ့ နဒါးလ်ဟာ ဖက်ဒါရာကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲငယ်တွေမှာ တောက်လျှောက်အမှတ်တွေပေးခဲ့ရပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဖက်ဒါရာဟာ ၁၂ ကြိမ်မြောက် ၀င်ဘယ်ဒန်အိုးပင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် အကောင်းဆုံး တင်းနစ်ကစားသမား ဖြစ်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်တင်းနစ်အကျော်အမော်ဟာ ဝင်ဘယ်ဒန်ဖလား ၈ ကြိမ်ထိ ရရှိထားသလို ဂရင်းစလင်း ဆုဖလားအကြိမ် ၂၀ နဲ့ အခြားဆုဖလားတွေ ပေါင်းလိုက်ရင် ဆုဖလားပေါင်း ၁၀၂ ထိ ရရှိထားပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်နဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံနေလို့ ခက်ခဲနိုင်ပေမယ့် ဝင်ဘယ်ဒန်အိုးပင်းတိုင်းမှာ အားသာခဲ့တဲ့ ဖက်ဒါရာရဲ့ အောင်ပွဲဖစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

No comments:

Post a Comment