Saturday, July 13, 2019

ကစထမှူးငါးနေရာအပြောင်းအလဲပြုလုပ် ရခိုင်ဒေသပါဝင်သည့် ကစထမှူး-၃အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်ကို တာဝန်ပေး

ကာကွယ်ရေးဝန်ကြီး ဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး)ငါးနေရာကို အ ပြောင်းအလဲပြုလုပ်ပြီး အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း နေရာကို အမှတ်(၆)စစ်ဆင်ရေး အထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ် ကြီးဝင်းဗိုလ်ရှိန်အား ပြောင်းလဲ တာဝန်ပေးအပ်ကြောင်း တပ်မ တော်အသိုင်းအ၀ိုင်းက ပြော ကြားသည်။ ကစထမှူး-၃ဒုတိယဗိုလ် ချုပ်ကြီးအေးဝင်းသည် တပ်မ တော်စစ်ဆေးရေး အရာရှိချုပ် အဖြစ် ယခင်တာဝန်ပြန်လည် ထမ်းဆောင်မည်ဖြစ်ပြီး အတွေ့ အကြုံနှင့် နယ်မြေဒေသကျွမ်း ကျင်စေရန် ယင်းသို့အပြောင်း အလဲ ပြုလုပ်ခြင်းဖြစ်သည်ဟု တပ်မတော် အရာရှိတစ်ဦးက ပြောသည်။



‘‘တိုင်းမှူးတွေ၊ ကစထမှူး တွေရော နေရာတစ်နေရာမှာ ကြာရင် အတွေ့အကြုံရအောင် လှည့်လည်တာ။ နှစ်စဉ်နီးပါး လောက်လုပ်နေတာပါ’’ ဟု အ ထက်ပါတပ်မတော်အရာရှိက ရှင်းပြသည်။

တပ်မတော်၏အထက်ပါအ ပြောင်းအရွှေ့ပြုလုပ်မှုများသည် ရာထူးတိုးခြင်း မပါဝင်ကြောင်း နှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်ကိုဆောင် ရွက်ခြင်းဖြစ်သည်ဟု တပ်မတော် အသိုင်းအ၀ိုင်းက ဆိုသော်လည်း ကစထမှူး-၆ ဒုတိယဗိုလ်ချုပ် ကြီးဝင်းဗိုလ်ရှိန်ကို ရခိုင်ပြည် နယ်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ ပါဝင်သည့် ကစထမှူး-၃ အဖြစ် ပြောင်းရွှေ့တာဝန်ပေးခြင်းသည် ထူးခြားကြောင်း စစ်ဘက်စောင့် ကြည့်သူအချို့က သုံးသပ်သည်။

‘‘ဒုတိယ ဗိုလ်ချုပ်ကြီးဝင်း ဗိုလ်ရှိန်ဆိုရင် မပခ(မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်) လုပ်ခဲ့တော့ မပခဘက်မှာ သူနဲ့ပတ်သက်ပြီး စစ်ရေးစစ်ရာပိုင်းဆိုရင် သူ့ကို လူ ကြီးတွေက သဘောကျကြတာရှိ တယ်။ အခုရခိုင်ဘက်ပေးကိုင် တယ်ဆိုတာ တစ်စုံတစ်ရာဆက် စပ်ချင်လည်း ဆက်စပ်မှာပေါ့’’ ဟု ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင် ရာမြန်မာအင်စတီကျုဒ်အဖွဲ့ (MIPS)အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက မှတ် ချက်ပြုသည်။

ကစထမှူး-၆ ဒုတိယဗိုလ် ချုပ်ကြီးဝင်းဗိုလ်ရှိန်နေရာကို ဒုတိ ယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက တာဝန်ယူမည်ဖြစ်ပြီး လက်ရှိတပ် မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် သည် ကစထမှူး-၅ အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင် မည်ဟု တပ်မတော်အသိုင်းအ ၀ိုင်းက ဆိုသည်။

‘‘တချို့ထူးခြားတာက ဒုတိ ယဗိုလ်ချုပ်ကြီးမင်းနောင် ကစထ ဘက်ပြန်ရောက်လာတယ်။ ဒါ မျိုးက ထူးခြားတယ်။ တစ်ခုရှိတာ က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တော် တော်များများပါတော့ သူတို့ကစ ထနေရာမှာ သူတို့ရှိနေတဲ့အခါကျ တော့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ပိုပြီးထိထိစပ်စပ်လုပ် လို့ရမယ်၊ ဆွေးနွေးလို့ရမယ်လို့ ဒီလို Position ယူထားတာ။ ဒုတိ ယဗိုလ်ချုပ်ကြီးမင်းနောင်တို့အ တွက် ပိုအဆင်ပြေတယ်’’ ဟု ဒေါက်တာမင်းဇော်ဦးက မှတ် ချက်ပြုသည်။

လက်ရှိကစထမှူး-၅ သည် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း ဖြစ်ပြီး ယင်းနေရာနှင့်ပတ်သက်၍ တပ်မတော်အသိုင်းအ၀ိုင်းက တစ်စုံတစ်ရာမှတ်ချက်မပြုပေ။ အခြားကစထမှူးအပြောင်းအ ရွှေ့များ၏ အမည်စာရင်းကို လည်း အတည်ပြုချက်မရသေး ပေ။ တပ်မတော်၏ အင်္ဂါစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊လေ)၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့နောက်တွင် ကစထမှူးများမှာ အရေးပါသည့် တာဝန်ဖြစ်သည်။

No comments:

Post a Comment