Saturday, July 13, 2019

ဂိမ်းလောင်းကစားသူ ၁၁ ဦးကိုဖမ်းဆီး

 မြောက်ဥက္ကလာပမြို့ နယ်တွင် ဂိမ်းလောင်းကစားသည့် ဆိုင်တာဝန်ခံအပါအ၀င် ၀န်ထမ်း ၁၁ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။  ဇူလိုင် ၁၀ ရက်ညနေက (ဈ) ရပ်ကွက် သီရိရတနာလက် ကားဈေးဝင်းရှိ ဆိုင်တစ်ဆိုင်တွင် ဂိမ်းလောင်းကစားနေကြောင်း သတင်းရရှိ၍ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ်ယင်း ဆိုင်အပေါ်ထပ်နှင့်အောက်ထပ်တို့မှ ဂိမ်းလောင်းကစားပြုလုပ်သည့် စက်ပစ္စည်း များနှင့်အတူ ဆိုင်တာဝန်ခံတစ်ဦး၊ ဆိုင်ဝန်ထမ်း ၁၀ ဦးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။



အဆိုပါ ဆိုင်အတွင်းမှ ဂိမ်း လောင်းကစားရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ် လေးသိန်း ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။

‘‘သူတို့ကို လက်ရှိစခန်းမှာ  ချုပ်ရမန်ယူပြီးချုပ်ထားတယ်။စစ် ဆေးနေတုန်းပါပဲ။ ဆိုင်ရှင်ကို လည်း လိုက်လံစုံစမ်းနေပါတယ်’’ ဟု အထက်ပါရဲအရာရှိက ပြော သည်။  ယင်းဖြစ်စဉ်နှင့် ပတ်သက်  ၍ ဆိုင်ဝန်ထမ်း ၁၁ ဦးကို မြောက် ဥက္ကလာပ မြို့မရဲစခန်းက လောင်းကစားဥပဒေပုဒ်မ ၁၆ (က)/ ၁၇ (က) ဖြင့်အမှုဖွင့်အ ရေးယူထားသည်။

No comments:

Post a Comment