Saturday, July 13, 2019

ရေခဲတောင်ခရီးများ စီစဉ်ပေးရာတွင် နယ်မြေကျွမ်းသော ဒေသခံလမ်းပြများကို ခေါ်ယူရန် ၀န်ကြီးဌာန ညွန်ကြား

ခရီးသွားလုပ်ငန်းများ သည် ကချင်ပြည်နယ် ရေခဲတောင် ခရီးစဉ်များ စီစဉ်ပေးရာတွင် နယ်မြေ ကျွမ်းကျင်သော ဒေသခံလမ်းပြများကိုခေါ်ယူပြီးမှသာ သွားရောက်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဇူလိုင် ၉ ရက်တွင်သတင်း ထုတ်ပြန်သည်။ လက်ရှိတွင် ပူတာအိုဒေသ ရေခဲတောင်တက် ခရီးစဉ်များ သွားရောက်ရာ၌ ဒေသခံလမ်းပြ များကို မခေါ်ဘဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ် သွားရောက်သူများ ရှိနေ ပြီး မတော်တဆဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သဖြင့် ကချင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော် မတီ၏(၁/၂၀၁၉) ဆုံးဖြတ်ချက် အရ ယင်းသို့ သတ်မှတ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။



‘‘အဓိက ကတော့ လမ်းပြ ပြဿနာပါပဲ။ ရှေ့မှာ ဖြစ်သွားခဲ့ တဲ့ မတော်တဆမှုတွေက လမ်းပြ မပါလို့ ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီးပဲလေ’’ ဟု ပူတာအိုဒေသတွင် ရေခဲတောင်ခရီးစဉ်များ စီစဉ်ပေးသည့် ဒေသခံ ကိုမိုးမင်းသိန်းက ပြောသည်။

၂၀၁၆ က စ၍ နိုင်ငံခြားသား များအား ပူတာအိုဒေသ ရေခဲ တောင်တက်ခရီးစဉ်များ သွား ရောက်ခြင်းကို တားမြစ်ထားသည့် အတွက် လက်ရှိတွင် ပြည်တွင်း တောင်တက်သမားများနှင့် ခရီးသွားများသာ အများဆုံး လာ ရောက်ပြီး ၂၀၁၈ အတွင်း ရေခဲတောင်ခရီးစဉ်များ သွားရောက် သူ တစ်ထောင်ခန့်ရှိကြောင်း ကိုမိုး မင်းသိန်းက ပြောသည်။  နယ်မြေ ကျွမ်းကျင်သော ဒေသခံလမ်းပြများ ခေါ်ယူရန် ညွှန်ကြားခြင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက‘‘ဒါက မဖြစ်မနေ ပါရမှာပေါ့။  ဒီဒေသက ဒေသခံလမ်းပြတွေ မပါဘဲနဲ့ သွားလို့လည်း ပြဿနာတွေ ရှိခဲ့တာလေ။ လိုင်စင် အသိအမှတ် ပြုလိုဟာမျိုးတောင် လုပ်သင့်ပါ တယ်’’ ဟု မှတ်ချက်ပြုသည်။

No comments:

Post a Comment