Saturday, July 13, 2019

GGS မန်နေဂျင်းဒါရိုက်တာ အာမခံလျှောက်ထားမှုကို ပယ်ချ ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဝယ်ယူသည့် မြေကွက်ကိစ္စစစ်ဆေး

 GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၏ ပထမအကြိမ် အာမခံလျှောက်ထားမှု ကို တနင်္သာရီတိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည်။ ထို့အပြင်ဒေါက်တာလဲ့လဲ့မော်အမှုတွဲပါ ထားဝယ်မြို့၌ မြေကွက်နှစ်ကွက်ဝယ်ယူရာတွင် ပါဝင်သူတရားလိုပြသက်သေ ဦးမြင့်ဟိုကို ယမန်နေ့ရုံးချိန်းတွင် စစ်ဆေးခဲ့သည်။ ဇူလိုင် ၁၁ရက် တနင်္သာရီ တိုင်း တရားလွှတ်တော်ရုံးချိန်း တွင် ဒေါက်တာလဲ့လဲ့မော်အမှု နှင့်ပတ်သက်သည့် တရားလိုပြ သက်သေ ယခင်တနင်္သာရီတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦး ၀င်းရှိန်ကို GGS ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး စာချုပ်ကိစ္စ၊ ထားဝယ်လေယာဉ်ကွင်း ချုံရှင်းကိစ္စနှင့် သရက်ချောင်းမြို့နယ်ရှိ ဒေါက်တာလဲ့လဲ့မော်၏ နေအိမ်အရောင်းအ၀ယ် ပြုလုပ်သည့် ကိစ္စအပါအ၀င်မြို့တော် ခန်းမတည်ဆောက်သည့် ကိစ္စများကို နှစ်ဖက်ရှေ့နေများ စစ်ဆေးခဲ့သည်။



ဦးဝင်းရှိန်သည် လက်ရှိတွင် နေပြည်တော် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ရုံးချုပ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် အ ဖြစ်ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်လျက်ရှိသည်။

ထို့နောက် GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်း ထွေး ပထမအကြိမ်လျှောက်ထား သည့် အချုပ်လွတ်အာမခံပေးရန် တင်ပြမှုအပေါ် တရားသူကြီးက ပယ်ချကြောင်း အမိန့်ချမှတ် ခဲ့သည်။

 ‘‘တရားသူကြီးသုံးသပ်တာ တော့အဂတိလိုက်မှု ဥပဒေဖြစ် တယ်။ နိုင်ငံတော်ကလည်း တ စိုက်မတ်မတ်လုပ်နေတဲ့ အချိန်မှာ မပေးသင့်ဘူး။ အဲဒီလိုပုံစံမျိုးပေါ့။ သုံးသပ်တာတော့ အများကြီး သုံးသပ်ပါတယ်’’ ဟု အာမခံပယ် ချခံရမှုအပေါ် စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေ ဦးနိုင်လင်း ထွန်းက ရှင်းပြသည်။

တရားစွဲခံရမှုတွင် ပါဝင် သည့် GGS ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေ မန်နေဂျာ ဦးသူရအုံတို့လည်း အချုပ်လွတ် အာမခံပေးရန် ပြီးခဲ့သည့် ရုံးချိန်းအတွင်း တရားသူကြီးထံ တင်ပြထားသည်။ ၎င်းတို့နှစ်ဦး၏ အာမခံလျှောက်ထားမှုနှင့် ပတ်သက်၍ အာမခံပေး၊ မပေးကိုမူ လာမည့်တစ်ပတ်ရုံးချိန်းများတွင် အမိန့်ချနိုင်မည်ဟု ခန့်မှန်း ကြောင်း ဦးနိုင်လင်းထွန်းက ဆက်လက်ပြောသည်။

ဇူလိုင် ၁၂ ရက်ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟိုအမည် ဖြင့် ၀ယ်ယူထားသည့် ထားဝယ် မြို့ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ မြေကွက်နှစ် ကွက်ကိစ္စနှင့် ပတ်သက်၍ တရား လိုပြသက်သေ ဦးမြင့်ဟိုကိုစစ် ဆေးခဲ့သည်။

ဦးမြင့်ဟိုသည် ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်းဦးထွန်းမင်းနှင့် ငယ်သူငယ်ချင်းဖြစ်သည်ဟု စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေ ဦးနိုင်လင်းထွန်းက ပြောသည်။ ‘‘ဦးထွန်းမင်းက မအားလို့ သူ့အစား အိမ်ဝယ်ပေးလိုက်တာ။ အဲဒီဥစ္စာကို သူတို့ (အဂတိကော် မရှင်) ဘက်ကစွပ်စွဲတာတော့ အမည်ခံပြီး ၀ယ်တယ်ပေါ့ဗျာ’’ ဟု ၎င်းကရှင်းပြသည်။

No comments:

Post a Comment