Saturday, July 13, 2019

တွံတေးလူသတ်အလောင်းဖျောက်မှုဖြင့် ထွက်ပြေးနေသူတစ်ဦးသာကျန်ရှိ

 တွံတေးမြို့နယ်၌ လူ သုံးဦးကိုသတ်ပြီး အလောင်း ဖျောက်သောရာအိမ်မှူးအပါအ ၀င် ကိုးဦးအနက်ရှစ်ဦးဖမ်းဆီးရမိ ထားကြောင်း တွံတေးမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင်ပြောသည်။ လူသတ်မှုကျူးလွန်သူရာ အိမ်မှူးနှင့် အမျိုးသားတစ်ဦးကို ဇွန်လ ၂၂ ရက်ကဖမ်းမိပြီးနောက် ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဇွန်လ ၂၉ ရက်တွင်လည်းကောင်း၊ ဇူ လိုင် ၄ ရက်နှင့် ၉ ရက်တွင် လေး ဦးလည်းကောင်းထပ်မံဖမ်းဆီးရမိကြောင်း ၎င်းရဲအရာရှိက ပြောသည်။



ထွက်ပြေးလွတ်မြောက်နေ သည့် ကျန်တစ်ဦးကို ဖမ်းဆီးရမိ ရေးစုံစမ်းနေကြောင်း ရဲအရာရှိက ပြောသည်။

‘‘ဥပဒေအရ လာရောက်ဖြေ ရှင်းပေးပါဆိုပြီး သူတို့မိသားစု တွေဆီကို စာထုတ်အကြောင်း ကြားထားတယ်။ နောက် တရားခံ တွေ သူတို့အိမ်ကိုလာတဲ့အချိန် မှာ သွားပြီးဖမ်းဆီးခဲ့ပါတယ်။ ဒီ နေ့ပဲ အမှုတွဲတင်ပြပြီး ဥပဒေအ ကြံပေးတင်ပြတောင်းခံထားပါ တယ်။ လက်ရှိတော့ အရင်ပုဒ်မ တွေနဲ့ပဲ အမှုဖွင့်ထားတယ်’’ ဟု ၎င်းကရှင်းပြသည်။

ဇူလိုင် ၁၈ ရက်တွင် တွံတေး မြို့နယ်တရားရုံး၌ အမှုတွဲတင်ပြ ပြီး ရုံးထုတ်စစ်ဆေးရန် စီစဉ် ထားကြောင်း ရဲအရာရှိက ပြော သည်။ တွံတေးမြို့နယ် ဇီးဖြူကုန်း ကျေးရွာနေအသတ်ခံရသူသိန်း ဇော်ဦးအပါအ၀င် လေးဦးသည် ဇွန်လ ၂၁ ရက်ည ၁၀ နာရီက ၀ိုင်းဖွဲ့အရက်သောက်နေစဉ် ရာ အိမ်မှူးနှင့်အဖွဲ့ရောက်လာပြီး ရဲ စခန်းသို့ ခေါ်ဆောင်ရာမှ လမ်း တွင် လူသတ်မှုဖြစ်ပွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ် ပြန်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရာအိမ်မှူးအပါအ၀င် ကိုးဦးကို တွံတေးမြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၆၄/၄၅၂/ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

No comments:

Post a Comment