Saturday, July 13, 2019

မိုဘိုင်းဖြင့် ခရီးသွားငွေပေးချေမှု ပြုလုပ်နိုင်တော့မည်

ခရီးသွားငွေပေးချေမှုကို မိုဘိုင်းငွေကြေးနည်းပညာနဲ့ ပေးချေနိုင်ဖို့ Wave Money ကုမ္ပဏီနဲ့ အိုဝေး(Oway) ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်ဖို့ ဇူလိုင်(၁၁)ရက်က ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ Wave Money ကုမ္ပဏီနဲ့ အိုဝေးကုမ္ပဏီတို့ မိတ်ဖက်ပူးပေါင်းမှု လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ Wave Pay ဆော့ဝဲလ် အသုံးပြုသူတွေအနေနဲ့ ကမ္ဘာတစ်ဝန်းက ခရီးစဉ်တွေရဲ့ လေယာဉ်လက်မှတ်၊ ကားလက်မှတ် တွေနဲ့ ဟိုတယ်စာရင်းပေးတာတွေကို Oway ရဲ့ ၀က်ဘ်ဆိုက်ကနေ ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ Wave Money ရဲ့ ဗဟိုအလုပ်အမှုဆောင်အရာရှိချုပ် Mr. Brad Jones က ပြောပါတယ်။
အိုဝေးကုမ္ပဏီဟာ အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုကို စွန့်ဦးတီထွင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလအတွင်းမှာ အိုဝေး၀က်ဘ်ဆိုက်ကတစ်ဆင့် Wave Pay အသုံးပြုပြီး သတ်မှတ် ထားတဲ့ လေယာဉ်လက်မှတ်တွေကို ၀ယ်ယူမယ်ဆိုရင် (၅၀)ရာခိုင်နှုန်းအထိ လျော့ဈေးနဲ့ ၀ယ်ယူသွားနိုင်မှာ ဖြစ်တယ်လို့ အိုဝေး Group ရဲ့ ဗဟိုအလုပ်အမှုဆောင်အရာရှိချုပ် Mr.Alok Kumar က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်မှာ အင်တာနက်ကနေ ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေဟာ (၁၀)ခိုင်နှုန်းအောက်သာရှိပြီး အကြွေးဝယ်ကတ် အသုံးပြုမှုဟာလည်း (၅)ရာခိုင်နှုန်း အောက်သာရှိတယ်လို့ အိုဝေး Group ဗဟိုအလုပ်အမှု ဆောင်အရာရှိချုပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

No comments:

Post a Comment