Saturday, July 13, 2019

ယခုနွေရာသီတွင် လီဗာပူးက ကစားသမား ကြီးကြီးမားမား ခေါ်ယူမည်မဟုတ်ဟုနည်းပြကလော့ပ်ပြောကြား

လီဗာပူးတွင် ချိန် ဘာလိန် ကြံ့ခိုင်မှုပြန်လည်ပြည့် ဝနေခြင်း၊ ဆယ်ကျော်သက်က စားသမားဘရူးစတားကို ပွဲထွက် ခွင့်ပေးရန် စီစဉ်ထားခြင်းနှင့်အ တူ ယခုနွေရာသီ၌ ကစားသမား သစ် ကြီးကြီးမားမားခေါ်ယူမည် မဟုတ်ဟု လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ပြောကြားသည်။ ပြီးခဲ့သည့်ရာသီကမန်စီးတီး နောက် ဒုတိယနေရာမှ ပရီးမီး ယားလိဂ်ရာသီကို ဖြတ်ကျော်ခဲ့ရ သော်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ တွင် စပါးကိုနိုင်ကာ ဗိုလ်စွဲခဲ့ သည့် လီဗာပူးတွင် ချိန်ဘာလိန် သည် ပြင်းထန်သောဒူးဒဏ်ရာ ကြောင့် နှစ်ပွဲသာပါဝင်ကစားခဲ့ သည်။



ဘရူးစတား (၁၉) နှစ်သည် လီဗာပူးအတွက် ပွဲထွက်ကစား ခြင်းမရှိသေးသော်လည်း ၎င်း၏ အရည်အသွေးကို ကလော့ပ်က ယုံကြည်သောကြောင့် ပွဲထွက် ခွင့်ပြုရန် စီစဉ်ထားသည်။ ဘရူး စတားသည် ကြာသပတေးနေ့က ထရန်ဖီရီရိုဗာကို ၆-၀ ဂိုးဖြင့်နိုင် ကာ ရာသီကြိုပွဲတွင် တစ်ဂိုးသွင်း ယူခဲ့သည်။

လီဗာပူးက ကစားသမား သစ်ခေါ်ယူနိုင်ခြေနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်း ရာ ကလော့ပ်က မိမိတို့အနေဖြင့် ချိန်ဘာလိန်နှင့်ဘရူးစတားတို့ကို ခေါ်ယူထားပြီးဖြစ်ကာ ပြီးခဲ့သည့် ရာသီက ပါဝင်ကစားခွင့် မရခဲ့ သော ၎င်းတို့သည် မိမိတို့အတွက် က စားသမားသစ်များဖြစ်သည်ဟု ပြောကြားသည်။

လီဗာပူးမှ ဒန်နီအင်း၊ ဒန်နီ ရယ်စတာရစ်နှင့် မိုရီနိုတို့ထွက်ခွာ ပြီးနောက် ပြီးခဲ့သည့်လက နယ် သာလန် ထိပ်တန်းလိဂ်ကလပ် PEC Zwolle မှ အသက် (၁၇) နှစ်အရွယ် နောက်ခံလူ စတပ်ဗန် ဒန်ဘာ့ဂ်အား ခေါ်ယူထားသည်။

အပြောင်းအရွှေ့ဈေးကွက် သည် သြဂုတ် ၈ ရက်အထိ တံခါး ပွင့်နေမည်ဖြစ်သော်လည်း ကြီး ကြီးမားမား ကစားသမားခေါ်ယူမှု ရှိမည်မဟုတ်ဟု ထင်ကြောင်း ကလော့ပ်က ပြောသည်။

ကလော့ပ်က လူငယ်တိုက် စစ်မှူး ဘရူးစတားကို ချီးကျူးပြီး မိမိတို့အနေဖြင့် အထောင်တိုက် စစ်နေရာတွင် အခိုင်အမာရှိပြီး ဖြစ်၍ ၎င်းကိုတောင်ပံတိုက်စစ် နေရာ၌ ထားကစားနိုင်သည်ဟု ပြောကြားသည်။

No comments:

Post a Comment