Sunday, July 7, 2019

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါတီနှင့်အမတ် တိုင်ပင်တင်ပြရန် ဒေါက်တာဇော်မြင့်မောင် မှာကြား

မန္တလေးတိုင်းဒေသကြီး NLD လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို ပါတီနှင့် တိုင်ပင်ကာ တင်ပြရန် ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က မှာကြားသည်။ ဇူလိုင် ၅ ရက်က မန္တလေးမြို့ ယူနန်တရုတ်ဘုံကျောင်းတွင် ပြု လုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အစိုးရ၊ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဒေါက်တာဇော်မြင့်မောင်က ယင်းကဲ့သို့ မှာကြားခြင်း ဖြစ်သည်။



‘‘ကျွန်တော်တို့အနေနဲ့ မှာ စရာရှိတာက လွှတ်တော်ကိုယ် စားလှယ်တွေအနေနဲ့ ကျန်တဲ့ကာ လမှာ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါ မှာ ပါတီကိုအသိပေးပြီး ပါတီနဲ့ လိုအပ်ချက်တွေကို ရေးဆွဲစေချင် ပါတယ်။ ကျွန်တော်ပြောတာ ရှင်းရှင်းလေးပါနော်။ ပါတီနဲ့ တိုင်ပင်ပါ’’ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

၂၀၁၉-၂၀ ဘတ်ဂျက်နှစ် တွင် ပြည်သူလူထုအကျိုးဖြစ်မည့် လုပ်ငန်းများကို ဘဏ္ဍာရေးစည်း မျဉ်းများနှင့်အညီ ဆောင်ရွက် ရန် နိုင်ငံတော်သမ္မတက မှာကြား ထားကြောင်း ၎င်းကပြောသည်။

‘‘သမားရိုးကျ အရင်တုန်းက လို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန အောက်ခြေမှာရှိတဲ့ ဌာန ဆိုင်ရာတွေကနေ စိစစ်တင်ပြတာမျိုးအစား ကျွန်တော်တို့ဘက်က လွှတ်တော်ကိုယ်စားလှယ်များ ရယ်၊ ပါတီရယ် အရင်ဘယ် Project ကို အလုပ်သင့်ဆုံး၊ မြို့ နယ်အတွက် ပြည်သူလူထုအ တွက် အကောင်းဆုံးဖြစ်မယ့်တစ် ခုကို အမြန်ဆုံးစဉ်းစားစေချင်ပါ တယ်။ စဉ်းစားပြီးတော့ တိုင်း ဒေသကြီးအစိုးရဆီကို တင်စေ ချင်တယ်’’ ဟု ဒေါက်တာဇော်မြင့် မောင်က ပြောသည်။

တိုင်းဒေသကြီး ဘတ်ဂျက် ဖြင့် လုပ်ဆောင်မည့် လုပ်ငန်းများ ဖြစ်သဖြင့် ယင်းကဲ့သို့ ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် ကိုယ်စားလှယ် များအနေဖြင့် အမြန်ဆုံးတင်ပြစေလိုကြောင်း ၎င်းက ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ကျပ်သန်း နှစ်ထောင့်ခုနစ်ရာ ကျော် သုံးစွဲရာမှ လာမည့်ဘဏ္ဍာ နှစ်တွင် ကျပ်သန်းနှစ်သောင်း ခုနစ်ထောင်ခန့် သုံးစွဲရန် တိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြ တောင်းခံထားပြီး လွှတ်တော်က ခွင့်ပြုထားသည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် အခြားကဏ္ဍများတွင်လည်း ဘတ်ဂျက်ကို တိုးမြှင့်တောင်းခံ ထားပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အ တွင်း အသုံးပြုရန် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းသုံးသိန်းကျော် တင်ပြ တောင်းခံထားသည်။

No comments:

Post a Comment