Sunday, July 7, 2019

ပြည်မြို့ ညဈေးတန်းတွင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 ပြည်မြို့ ညဈေးတန်း၌ ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီး တိုင်ဖျက်သိမ်းရေး အသိပညာ ပေး လက်ကမ်းစာစောင်များ ပေး ဝေသည့် လှုပ်ရှားမှု ဇူလိုင် ၅ ရက် ညကပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုကို တက် ကြွလှုပ်ရှားသူလေးဦးက ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းသင့်သည့် အချက်အ လက်များကို ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့်သိရှိရန် ရည်ရွယ် ကြောင်း လှုပ်ရှားမှုတွင်ပါဝင် သည့် ပြည်ဒေသခံကိုဖြူဖွေးက ပြောသည်။



‘‘ကျွန်တော်တို့ ပြည်မြို့က လည်း ဧရာဝတီမြစ်ကမ်းဘေး မြို့တစ်မြို့ဖြစ်တယ်။ ဒီမြစ်ရေကို သောက်၊ ဒီမြစ်က ထွက်ရှိတဲ့ သယံဇာတတွေကို မှီခိုစားသောက်ခဲ့ တယ်။ ဒီမြစ်ကြီးသဘာဝအတိုင်း ရေရှည်တည်မြဲစေဖို့ သူ့ရဲ့အကျိုး ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဒီလှုပ် ရှားမှုကို ဆောင်ရွက်တာပါ’’ဟု ၎င်းကဆိုသည်။

လက်ကမ်းစာစောင်များ ပေးဝေရာတွင် ညဈေးတန်းရှိ  ဆိုင်ခန်းများနှင့် လမ်းသွားလမ်းလာများကို စောင်ရေ ၁၀၀ ပေးဝေပြီး ယင်းကဲ့သို့ လှုပ်ရှားမှုများ  ဆက်လက်ပြု လုပ်မည်ဖြစ်ကြောင်း လှုပ်ရှားမှု တွင်ပါဝင်သူတစ်ဦးက ဆိုသည်။

လက်ကမ်း စာစောင်တွင် မြစ်ဆုံစီမံကိန်းကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍများ ကမောက် ကမဖြစ်နိုင်သည့်အချက်များ၊ အ ကျိုးအမြတ်ထက် အရှုံးများနိုင် သည့် အချက်များပါဝင်သည်။ ထို့အပြင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ထိခိုက်နိုင်ပြီး ဒီမို ကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး၊ ငြိမ်း ချမ်းရေးနှင့် တိုင်းရင်းသား စည်း လုံးညီညွတ်ရေးတို့ ထိခိုက်နိုင် သည့် အချက်များကို မြစ်ဆုံစီမံ ကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ သဘောထားထုတ်ပြန်ချက်၊ ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်၊ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာ ၀တီအတွက် ပန်ကြားချက်များထဲ မှ ကောက်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment