Sunday, July 7, 2019

အောင်ကြီးနှင့် ၂၈ မိနစ်တာ ကံကြမ္မာ

နိုင်ငံကျော်ဗစ်တိုးရီးယား အမှု နှစ်လနီးပါးရောက်လုချိန် တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံဟု သံသယရှိသူတစ်ဦးကို ဖမ်းဆီးပြီး တရားရုံးသို့ တင်ပို့ လိုက်သည်။ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းဆောင်အတွင်း  မေလ ၁၆ ရက်က ဖြစ်ပွားခဲ့ သည့် (၃)နှစ်နီးပါးအရွယ် မိန်း ကလေးငယ်တစ်ဦး မဖွယ်မရာပြု ကျင့်ခံရမှုအတွက်ဖြစ်ပါသည်။ အဆိုပါအမှုကို စုံစမ်းစစ် ဆေးသည့် ကာလရက်ပေါင်း ၄၇  ရက်ရှိလာချိန် ဇူလိုင် ၄ ရက်တွင်  အဆိုပါ မူကြိုကျောင်း၌ ကျောင်း ကြီးကြပ်ရေးမှူးတာဝန်  ထမ်း ဆောင်နေသူ၏ ကိုယ်ပိုင်ယာဉ် မောင်းဖြစ်သူ  အောင်ကျော်မျိုး (ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က  ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲ တင်လိုက်ခြင်းဖြစ်သည်။
အောင်ကြီးသည် အဆိုပါအမှုစဖြစ်ပြီး ၁၅ ရက်အကြာတွင် ရဲ တပ်ဖွဲ့က ပထမအကြိမ်သုံးပတ် ကျော်ကြာ ဖမ်းဆီးစစ်ဆေးခံရဖူး သူလည်းဖြစ်သည်။ ထို့နောက် ပြန်လွှတ်ပေးခဲ့ပြီး ၁၀ ရက်အကြာ တွင် ရန်ကုန်ရောက်နေပြီဖြစ်သူ  ကို နေပြည်တော်သို့ လေယာဉ် ဖြင့်ပင် နေ့ချင်းပြန်ခေါ်လာပြီး နောက်တစ်နေ့တွင် ၎င်း၏ ကံ ကြမ္မာကို တရားစီရင်ရေး၏လက် ၀ယ်သို့ ရဲတပ်ဖွဲ့ကအပ်နှံလိုက် ခြင်းပင်။ မူးယစ်ဆေးဝါးမှုဖြင့်ထောင် ခုနစ်နှစ်ကျဖူးသူဟု  ရဲဗိုလ်ချုပ် အောင်နိုင်သူက အတည်ပြုပြော ဆိုသည့်အောင်ကြီးသည် ပြစ် ဒဏ်ကာလ ၂နှစ်ကျော်ချိန် မကြာသေးမီအချိန်တွင်မှ နိုင်ငံ တော်သမ္မတ၏လွတ်ငြိမ်းဖြင့် လွတ် မြောက်လာသူတစ်ဦးဖြစ်သည်။ ထို့နောက် နေပြည်တော် တွင်နေထိုင်ပြီး အလုပ်ရှာနေရာမှ ၎င်း၏ ညီအစ်ကိုဝမ်းကွဲ Wisdom Hill ကျောင်းတွင် ယာဉ်မောင်း တာဝန်ထမ်းဆောင်နေသူတစ်ဦး  ချိတ်ဆက်ပေးမှုဖြင့် အဆိုပါမူကြို ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာ လှိုင်ထံတွင် ဗစ်တိုးရီးယားအမှု ဖြစ်စဉ်စဖြစ်သည့်နေ့ကမှ အလုပ် စဆင်းခြင်းဖြစ်သည်။ ထို့အတူ အခင်းဖြစ်ပွားသည့် နေရာဟု ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုနေသည့် မူကြိုကျောင်း ဆောင်အတွင်းသို့ မေလ ၁၆ ရက်(ဗစ်တိုးရီးယားဖြစ်စဉ်ပေါ်ပေါက် သည့်နေ့)တွင်မှ ရောက်ဖူးခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၊ ကျောင်း တာဝန်ရှိသူ၊ ဗစ်တိုးရီးယားဖခင် တို့၏ ထုတ်ဖော်ပြောဆိုချက်များ၌  ဖော်ပြပါဝင်ပြီးဖြစ်သည်။ အောင်ကြီးသည် ယင်းနေ့ တွင်  အဆိုပါမူကြိုကျောင်းဆောင် အတွင်း ဧည့်ခန်းမ၌ရှိချိန် ၂၈ မိနစ် (ရဲတပ်ဖွဲ့၏ အတည်ပြုပြော ဆိုချက်)သာဖြစ်သည်။

ဘာကြောင့်လဲ
အောင်ကြီး၏ မိခင်၊ ဖခင် တို့က ၎င်းတို့၏သားသည်ကျောင်း ကြီးကြပ်ရေးမှူး လှမ်းခေါ်၍ ကျောင်းဆောင်အတွင်း CD ခွေ ယူရန် သွားရောက်ခြင်းဖြစ်သည် ဟု ဆိုထားသည်။ မူကြိုကျောင်းမှ  ဆရာ၊ ဆရာမအချို့ကလည်း အောင်ကြီး မူကြိုကျောင်းဧည့်ခန်း တွင်ရှိခဲ့သည်ကို အတည်ပြုထား သော်လည်း ဗစ်တိုးရီးယားဖြစ်စဉ်  ပေါ်ပေါက်ခဲ့ခြင်းမရှိဟု ထုတ် ဖော်ပြောဆိုသူအချို့လည်းရှိနေ ပါသည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါ အခြေအနေကို သက်သေခံချက် အဖြစ် ထည့်သွင်းပြောဆိုထား သည်။ ၎င်းမောင်းနှင်ရမည့်ကား ကို ကြီးကြပ်ရေးမှူး၏ အမျိုးသား (မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအရာရှိ)ယူသွား၍ ဧည့်ခန်းဆိုဖာ၌ထိုင်နေ ရန် အလုပ်ရှင်၏ ညွှန်ကြားချက် ဖြင့် ထိုင်နေခဲ့ရခြင်းသာဖြစ် ကြောင်း၊ နေရာမှမရွှေ့ဘဲ ကား ပြန်ရောက်လာချိန်၌ ပြန်ထွက်ခဲ့ ခြင်းသာဖြစ်ကြောင်း အောင်ကြီး ၏ မိဘတို့က ပြောကြားပြီးသား ဖြစ် သူမကျူးလွန်ခဲ့သည်ကိုအာမ ခံသည်ဟု ဆိုကြသည်။ မူကြိုကြီး ကြပ်ရေးမှူးနှင့် ၎င်း၏အမျိုးသား ထံကမူ မှတ်ချက်  တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးပေ။

မူကြိုကျောင်းဆောင်
ဗစ်တိုးရီးယားဖခင်၏ ထုတ် ဖော်ပြောဆိုချက်အရ ကလေး ငယ်ပြောသော မျက်မြင်သက် သေ ဆရာမနှင်းနု (ဒေါ်နှင်းနှင်းနု)က ‘‘ကျွန်မမျက်စိရှေ့မှာကတော့  ကလေးတွေလည်း ရှိနေတဲ့အ တွက်ကြောင့် အမှုကို ကျူးလွန် တာမမြင်မိလိုက်ဘူးရှင့်’’ဟု ပြော ခဲ့ပြီး အောင်ကြီးဘက်က  သက် သေထွက်ပေးမည်ဆိုလျှင်လည်း အမှန်အတိုင်းထွက်ဆိုမည်ဟု  ဆိုခဲ့သည်။

ထို့အတူ အခင်းဖြစ်ပွားပြီး နောက် မိသားစု၊ ရဲတပ်ဖွဲ့တို့နှင့် အတူ မူကြိုကျောင်းသို့လာရောက် ခဲ့ပြီး မည်သည့်နေရာတွင် ဖြစ်ပွား ခဲ့ကြောင်း နေရာအနှံ့လိုက်ပြ၍  ဗစ်တိုးရီးယားကို မေးမြန်းစဉ်က ‘‘မဟုတ်ဘူး’’ဟုသာ ပြောခဲ့ ကြောင်း ဒေါ်နှင်းနှင်းနုကဆို သည်။

ဗစ်တိုးရီးယား၏ အတန်း တွင် တာဝန်ယူရသည့်အခြား သော ဆရာမတစ်ဦးဖြစ်သူ ဒေါ်နီ လာအေးကလည်း မူကြိုကျောင်း ဆောင်အတွင်းဖြစ်ပွားခဲ့သည်ဆို ခြင်းကို မယုံကြည်ကြောင်းဘီဘီစီ ကို ပြန်လည်ဖြေကြားထားသည်။

‘‘သူ(အောင်ကြီး)ရှိနေတဲ့ အချိန်မှာ ကလေးလေး(ဗစ်တိုးရီး ယား)က ရင်အုပ်မကွာရှိနေတဲ့အ တွက် ကလေးကလွတ်ထွက် မသွားဘူး။ လစ်ဟာမသွားဘူး။ ကျွန်မတို့ ဆရာမတွေအားလုံးရဲ့  ရှေ့မှောက်မှာရှိနေတဲ့အတွက် လုံးဝမဖြစ်နိုင်ဘူးလို့ အတိအကျ ပြောရဲတယ်’’ဟု ၎င်းက ဆိုသည်။ ဘီဘီစီနှင့် ဆရာမနှစ်ဦး တွေ့ဆုံမေးမြန်းခန်းသည် ရဲတပ် ဖွဲ့က  သတင်းစာရှင်းလင်းပွဲပြု လုပ်သည့် ဇူလိုင် ၅ ရက်တွင်ပင် ဖြစ်ပြီး နှစ်ဦးစလုံးက ကျောင်း တွင်ထိုသို့ပေါ်ပေါက်ခဲ့ခြင်း မရှိ ကြောင်း    အာမခံပြောဆိုခဲ့ကြ သည်။

ရဲတပ်ဖွဲ့ကမူ ဗစ်တိုးရီးယား အမှုသည် ကလေးငယ်၏နေအိမ်၊ စာသင်ကျောင်းနှင့် ကြိုပို့ကျောင်း ကားဆိုသည့် ဖြစ်နိုင်ခြေနေရာသုံးခုအတွင်း၌သာရှိသည်ဟု  ပြောသည်။ ယင်းတို့အနက် စာ သင်ကျောင်းသည်သာ အဖြစ်နိုင် ဆုံးဟု သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ ‘‘မျက်ကွယ်မှာ ဖြစ်မှုအပေါ်မှာ ဆက်စပ်အခြင်း အရာတွေအရ  တရားစွဲတင်ရခြင်း ပဲဖြစ်ပါတယ်’’ဟု ရဲဗိုလ်ချုပ် အောင်နိုင်သူက ရှင်းပြသည်။

CCTV
အရေးကြီးဆုံး မျက်မြင် သက်သေဖြစ်နိုင်သည့် CCTV သည် ဗစ်တိုးရီးယားတို့ မူကြို ကျောင်းဆောင်အတွင်းရှိမနေဟု ရဲတပ်ဖွဲ့ကပြောသည်။ မူကြို ကျောင်းဆောင်ကို လှမ်းမြင်ရ သည့် တစ်ဖက်အဆောက်အအုံရှိ CCTV အရ အောင်ကြီး၏ အ၀င်၊ အထွက်ကို သက်သေရရှိသည်ဟု ရဲဗိုလ်ချုပ်အောင်နိုင်သူက ဆို ထားသည်။ ဗစ်တိုးရီးယား၏ ဖခင်က အခင်းဖြစ်သည့်နေ့ CCTV မှတ် တမ်းတွင် ပြတ်တောက်မှု လေး ကြိမ်ရှိပြီး ၎င်း၏တွက်ချက်ပြော ဆိုမှုအရ စုစုပေါင်းသုံးနာရီခန့်  ပြတ်တောက်နိုင်ကြောင်း တွေ့ရ သည်။
နံနက် ၉ နာရီ ၃၃ မိနစ်မှ ၁၁ နာရီအထိ၊ နေ့လယ် ၁၂ နာရီ ၄၉ မိနစ်မှ ၁ နာရီအထိ၊ ၁ နာရီ ၁ မိနစ်မှ ၂ နာရီ ၄ မိနစ်အထိ၊ ညနေ ၄ နာရီ ၂ မိနစ်မှ ၄ နာရီ ၈  မိနစ်အထိ စုစုပေါင်း လေးကြိမ် ပြတ်တောက်နေကြောင်း သတင်း ဌာနများကို အတည်ပြုပြောဆို ထားသည်။
ရဲဗိုလ်ချုပ်အောင်နိုင်သူကမူ ရဲတပ်ဖွဲ့ရရှိစစ်ဆေးသော အခင်း ဖြစ်သည့်နေ့ တစ်ရက်တာ CCTV မှတ်တမ်း၌ စုစုပေါင်းပြတ် တောက်ချိန် သုံးမိနစ်သာရှိသည် ဟု ဆိုသည်။ ‘‘CCTV ကင်မရာမှာ  မီးပြတ်တယ်ဆိုတဲ့ ပြဿနာတွေ  ဒါရှိနေတာ ကျွန်တော်တွေ့ရပါ တယ်။ မဟုတ်ပါဘူး’’ဟု ၎င်းက  ပြောသည်။

ဆရာမနှစ်ဦးနှင့် ရဲတပ်ဖွဲ့
ဘီဘီစီနှင့် အင်တာဗျူးဖြေ ဆိုသည့် ဆရာမနှစ်ဦးကို ရဲတပ် ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကာယကံရှင်များက အတည်ပြု သည်။ ကျောင်း၌ အဆိုပါဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းမရှိဟု အခိုင် အမာပြောထားသူ ဒေါ်နှင်းနှင်း အေးက ‘‘တစ်နေ့တာ လှုပ်ရှားမှု ဖြစ်စဉ်တွေ၊ ထူးခြားမှုဖြစ်စဉ်တွေ ကိုတော့ ထပ်ခါထပ်ခါမေးတယ်’’ ဟု ပြောသည်။

ဒေါ်နှင်းနှင်းနုက ကိုးကြိမ်ခန့် စစ်ဆေးခံရဖူးသည်ဟု ဆိုထားပြီး ‘နေ့စဉ်လှုပ်ရှားမှု’များကို မေး သည်ဟု ပြောထားသည်။ သူ သည် ဗစ်တိုးရီးယားလေးထုတ် ပြောဖူးသည်ဆိုသော ‘ဆရာမ နှင်းနုသိတယ်’ စကားအရ ဖြစ် စဉ်အတွင်း မျက်မြင်သက်သေအ ဖြစ် အများကယူဆခံထားရသူဖြစ် သည်။

သို့သော် ဗစ်တိုးရီးယား ပြောသကဲ့သို့ ‘ကိုကို ကိုလည်း မဆူဖူးကြောင်း၊ ဖြစ်စဉ်ကိုမြင် တွေ့ခြင်းမရှိသလို ဖြစ်ပွားခဲ့ခြင်း ပင်မရှိကြောင်း’ အဆိုပါ အင်တာ ဗျူး၌ ဒေါ်နှင်းနှင်းနုက ပြောထား သည်။
ရဲတပ်ဖွဲ့သတင်းစာရှင်း လင်းပွဲ၌ သတင်းထောက်တစ်ဦး က ဆရာမနှင်းနုကိစ္စ မေးမြန်းရာ တွင်မူ ‘‘သက်ရှိသက်သေဆိုတာ အချိန်မရွေး ပြောင်းလွယ်ပြင် လွယ်ဖြစ်တယ်။ သူပြောချင်မှဖြစ် တာ။ ကျွန်တော်တို့က မပြောတာ ကို ပြောအောင်လုပ်ဖို့ခက်ပါ တယ်’’ ဟု ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက ပြန်ဖြေခဲ့သည်။

တရားစွဲတင်ခံရတဲ့အကြောင်း
ဗစ်တိုးရီးယား၏ ဖခင်ကမူ  အောင်ကြီးကို  ဖမ်းဆီးတရားစွဲဆို သည့်နေ့တွင်ပင် ခိုင်လုံသည့် သက်သေပြချက် လိုချင်ကြောင်း 7Day အားပြောကြားထားသည်။ ထို့အတူ ၎င်းတို့နှင့် နီးကပ်စွာအမှု ကို လိုက်ပါကူညီဆောင်ရွက်ပေး နေသော အမည်မဖော်လိုသူတစ် ဦးက တရားခံနှင့်ပတ်သက်၍မေး ခွန်းများစွာရှိနေဆဲဖြစ်ပြီး အမှု မှန်ပေါ်ပေါက်ရေး ဆက်လက် ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း ပြောသည်။

ရဲဗိုလ်ချုပ်အောင်နိုင်သူ၏  ဇူလိုင် ၅ရက်က နေပြည်တော်သ တင်းစာရှင်းလင်းပွဲအတွင်းပြော ဆိုချက်များ၌မူ “ကျောင်းအုပ် ဆရာမ(ကျောင်းကြီးကြပ်ရေးမှူး ကိုဆိုလို) ကားကနေပြီးတော့မှ အဲဒီအရှေ့ကို လာရပ်တဲ့အချိန်မှာ ပဲ ဒီကောင်က အဲဒီကားပေါ် တက်ဖို့ တံခါးလာဖွင့်တယ်။ အဲဒီ လိုမဖွင့်ခင်မှာ လက်တွေနမ်း တယ်။ သက်သေခံပစ္စည်းတွေနဲ့ တင်ထားတာရှိပါတယ်’’ ဟုပါဝင် သည်။သို့သော် ယင်းသည်မသင်္ကာသည့် အချက်သာဖြစ်၍ ထပ်မံ စစ်ဆေးရာမှ ကလေးနှင့်ပတ် သက်သော ဆေးစာပြန်ကြား ချက်၊ မသင်္ကာတရားခံ အတွင်းခံ ဘောင်းဘီမှတွေ့ရှိသည့် သုက် ပိုး၊ တရားခံယင်းနေရာသို့ရောက် ရှိခဲ့ကြောင်း စီစီတီဗီတွေ့ရှိချက်၊  ပြုကျင့်သူသည် ၎င်းပါဟု ကလေး ငယ်ကိုယ်တိုင်ပြောကြားချက်များ  ကြောင့် အောင်ကြီးကို ထပ်မံဖမ်း ဆီးတရားစွဲဆိုရခြင်းဖြစ်သည်ဟု ရဲဗိုလ်ချုပ်အောင်နိုင်သူ၏ ရှင်း လင်းချက်များက ဆိုသည်။

ဘာဆက်ဖြစ်မှာလဲ
အောင်ကြီးသည် နေပြည် တော်အကျဉ်းထောင်အတွင်းမှ နေ၍ ဒက္ခိဏခရိုင်တရားရုံးတွင် ဇူလိုင် ၁၅ ရက်ကစ၍  အမှုစစ် ဆေးခံရမည်ဖြစ်သည်။ ဗစ်တိုးရီး ယားဘက်က လိုက်ပါဆောင်ရွက် မည့် ရှေ့နေအဖွဲ့မှ ဒေါ်ရွက်နု  အောင်က အမှုမှန်ပေါ်ပေါက်ရေး ကို ဦးတည်မည်ဟု ဆိုထားသော် လည်း တရားလို၊ နစ်နာသူ (ဗစ် တိုးရီးယားဘက်)ဘက်မှ  ဥပဒေ အကြံပေးအဖြစ်ဆောင်ရွက်မည့် တရားရေးအရာရှိက ပူးပေါင်း ဆောင်ရွက်ရန် မဖြစ်နိုင်သေးဟု ပြော၍ အခက်တွေ့နေကြောင်း  သတင်းမီဒီယာများအား အသိ ပေးထားသည်။

ရဲတပ်ဖွဲ့က အောင်ကြီးနှင့် ပတ်သက်သည့်  အထောက်အ ထားများရှိနေသဖြင့် တရားစွဲ တင်ရမည့် လုပ်ငန်းတာဝန်ကို  ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း  ဆိုထားသည်။ ‘‘တရားရုံးရဲ့ စီရင်ချက်က  တရားသူကြီးရဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်’’ ဟု ရဲဗိုလ်ချုပ် အောင်နိုင်သူက ဆိုထားပါသည်။

No comments:

Post a Comment