Sunday, July 7, 2019

အပစ်ရပ်စာချုပ်မူကြမ်းရရှိပြီးနောက် တပ်မတော်နှင့်တိုက်ပွဲဆက်ဖြစ်နေဆဲဟု TNLA ပြော

 ငြိမ်းချမ်းရေးကော်မရှင် ထံမှ အပစ်ရပ်စာချုပ်မူကြမ်းရရှိ ပြီးနောက် ရှမ်းပြည်နယ်မြောက် ပိုင်း၌ တပ်မတော်နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အ ကြား တိုက်ပွဲများဆက်လက်ဖြစ် ပွားနေဆဲဖြစ်ကြောင်း TNLA သ တင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြော ကြားသည်။ ဇွန်လ ၃၀ ရက်က မိုင်းလား မြို့တွင် ငြိမ်းချမ်းရေးကော်မရှင်  ဒုဥက္ကဋ္ဌ ဦးသိန်းဇော်အပါအ၀င် အစိုးရ ကိုယ်စားလှယ်အဖွဲ့က TNLA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့ကို အ လွတ်သဘောတွေ့ဆုံကာ အစိုးရ က အဆိုပြုသည့် အပစ်ရပ်မူကြမ်း များကို မြောက်ပိုင်းလက်နက်ကိုင် တစ်ဖွဲ့ချင်းစီသို့ ပေးအပ်ခဲ့သည်။



တပ်မတော်နှင့် TNLA တို့ ဇွန်လအတွင်း တိုက်ပွဲ ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး ယခုဇူလိုင်လဆန်း တွင် သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA က ဆိုသည်။

‘‘တပ်မတော်ဘက်က လှုပ် ရှားမှုကတော့ တော်တော်များများ ကျွန်တော်တို့ ဒေသမှာရှိတယ်။ ကျွန်တော်တို့ ပြန်ပြီး မခုခံလို့သာ တိုက်ပွဲက နည်းနည်းလေးလျော့ တာ။ တကယ့်တကယ်က ကျွန် တော်တို့ လှုပ်ရှားတဲ့နေရာ အ တွင်းမှာ တောက်လျှောက် ထိုး စစ်တွေများလာတယ်’’ ဟု ဗိုလ် မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ကြေညာမှု သက်တမ်းတိုးမြှင့်ထားသည့် အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့သည် TNLA နှင့် ဖြစ်ကြောင်း ပြောကြားသည်။

ဇွန်လကုန်နှင့် ဇူလိုင်လဆန်း အတွင်း TNLA နှင့် တိုက်ပွဲများ ဖြစ်ပွားကြောင်း၊ တစ်ခါတစ်ရံ တွင် TNLA/KIA ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက် ပွဲဖြစ်ရသည့် အဓိကအကြောင်း ရင်းသည် တိုင်းရင်းသားအဖွဲ့များက နယ်မြေကျော်လွန်လှုပ်ရှားမှုများ ကြောင့်ဖြစ်ကြောင်းဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။

‘‘တပ်မတော်စခန်းနားလေး ထိ ၀င်လာတဲ့အတွက်ကြောင့်ဖြစ် ပါတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ တပ်မတော်နှင့် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ် ခိုင်၊ နမ့်ဆန်နှင့် မန်တုံမြို့နယ် အတွင်း တိုက်ပွဲ အများဆုံးဖြစ် ပွားခဲ့သည်။

No comments:

Post a Comment