Sunday, July 7, 2019

ပြည်ပမှ သစ်အလုံးလိုက်တင်သွင်းမှုအပေါ် အခွန်လျှော့ပေးရန် အစိုးရထံတင်ပြ

ပြည်ပမှ သစ်အလုံး လိုက် တင်သွင်းမှုအပေါ် အ ကောက်ခွန်လျှော့ပေးရန် သစ် တင်သွင်းသည့် လုပ်ငန်းရှင်များ က အစိုးရထံ တင်ပြသည်။ သစ်အလုံးလိုက် တင်သွင်း ခြင်းအတွက် အစိုးရထံ ဆိပ်ကမ်း အကောက်ခွန် ၁၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်  ၅ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းနှင့် အမြတ်ခွန်အတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၂၇ ရာခိုင်နှုန်း ပေးသွင်းရသဖြင့် အခွန်လျှော့ပေးရန် တောင်းဆိုခြင်းဖြစ်သည်။



 မြန်မာနိုင်ငံသို့ ပထမဆုံးပြည်ပမှ သစ်အလုံးလိုက် တင်သွင်းခဲ့သည့် Jewellery Teak Timber ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းချီက ‘‘အခွန်လျှော့ပေးဖို့ မြန်မာနိုင်ငံ သစ် တောထွက်ပစ္စည်းနဲ့ သစ်လုပ်ငန်း ရှင်များအသင်းကနေ တစ်ဆင့် သက်ဆိုင်ရာဌာနများကို တင်ပြ ထားပါတယ်’’ဟု ပြောသည်။

လက်ရှိတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသို့ တင်ပြထား သည့် အစီအစဉ်ကို မြန်မာ့သစ်  လုပ်ငန်း၊ သစ်တောဦးစီးဌာနမှ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန လက်အောက်ရှိ အ ကောက်ခွန်ဦးစီးဌာနတို့ အပါအ ၀င် လုပ်ငန်းရှင်များ အသေအချာ   ညှိနှိုင်းဆွေးနွေးရမည်ဟု မြန်မာ့ သစ်လုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးခင်မောင်ကြည်က ပြောသည်။

 ‘‘ဆိပ်ကမ်းအကောက်ခွန်   ၁၅ ရာခိုင်နှုန်း လျှော့ပေးဖို့နဲ့ အဲဒါ မှ သွင်းနိုင်လိမ့်မယ်လို့ ပြောတာ ရှိတယ်’’ဟု ၎င်းက ပြောကြား သည်။

 အာဖရိကတိုက်ရှိ ကွန်ဂို နိုင်ငံမှ သစ်လုံး တန် ၆၀ ခန့် တင်သွင်းခြင်းသည် ပြည်တွင်းရှိ သစ်တောများအပေါ် မှီခိုမှုမရှိ ရန် ကနဦးစမ်းသပ်သည့် အစီအ စဉ်လည်းဖြစ်သည်။ အစိုးရက ၎င်း၏အစီအစဉ် ဖြင့် သစ်ထုတ်လုပ်မှုကို လျှော့ချ ရန် ဆောင်ရွက်နေပြီး မကြာမီနှစ်များအတွင်း သစ်ထုတ်လုပ်မှု ကဏ္ဍတွင် တန်ချိန်သောင်းနှင့်ချီ လျော့ကျမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထား သည်။

No comments:

Post a Comment