Sunday, July 7, 2019

ရှေးဟောင်းမြို့တော်ပုဂံဒေသသည် ယမန်နေ့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီ ဖြစ်သည်

ဇူလိုင် ၆ ရက်သည် ပုဂံ ဒေသခံများသာမက တစ်နိုင်ငံလုံး ရှိပြည်သူများအတွက် အပျော်ဆုံး နေ့ဖြစ်ခဲ့သည်။ ယဉ်ကျေးမှုအမွေ အနှစ်ပေါင်း ၄,၀၀၀ ကျော် တစု တစည်းတည်းရှိနေသော ရှေး ဟောင်းမြို့တော်ပုဂံဒေသကို ယူ နက်စကို၏  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ယမန်နေ့ က သတ်မှတ်ပေးခဲ့၍ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ် သော(၄၃)ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်ကော်မတီအစည်းအ ဝေးတွင် အမြဲတမ်းစာရင်းဝင် ၂၁ နိုင်ငံက ဆုံးဖြတ်ခြင်းဖြစ်ပြီး ထူး ခြားသည်က ပုဂံဒေသနှင့်ပတ် သက်သည့်အကြောင်းအရာများ ကိုဆွေးနွေးရာ၌ ကန့်ကွက်သည့် နိုင်ငံမရှိဘဲ  အတည်ပြုပေးခြင်း ဖြစ်သည်။



ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်ကော်မတီသို့ ၁၆၇ နိုင်ငံမှ ၁,၀၉၂ နေရာတင်သွင်းထားပြီး ယင်းအနက် ဆန်ခါတင်စာရင်း တွင် ၃၆ နေရာရွေးချယ်ထား သည်။ အဆိုပါ ၃၆ နေရာအ နက်မှ နိုင်ငံတကာအထိမ်းအ မှတ်အဆောက်အအုံနှင့် နေရာ ဒေသများကောင်စီ (ICOMOS) အဖွဲ့က ထောက်ခံထားသည့် ဒေသများကို တစ်ဦးချင်းဆွေးနွေး မှုမရှိဘဲ အတည်ပြုကြေညာခဲ့ သည်။

ပုဂံဒေသကို  ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်အဖြစ် သတ်မှတ် ကြောင်း ကြေညာပြီးချိန်တွင် ‘‘အောင်ပြီ၊ အောင်ပြီ၊ အောင် ပြီ’’ဟု လက်ခုပ်တီး၍ အော်ဟစ် လိုက်သော  ဒေသခံတို့၏အသံ များထွက်ပေါ်လာသည်။ ဇူလိုင် ၆ ရက်သည် ပုဂံသူ၊ ပုဂံသားတို့ မမေ့နိုင်သည့်နေ့ဟုလည်းဒေသခံ များက ဆိုသည်။ ထို့အပြင် စိုးရိမ် ပူပန်မှုရှိနေသော အရာကြီးမှာ လည်း လုံးဝပျောက်ရှင်းသွားပြီဟု  ၎င်းတို့က ပြောသည်။

‘‘မရမှာကို အရမ်းပဲ စိုးရိမ် နေတာ’’ဟု ပုဂံဒေသခံအသက် (၃၀)အရွယ် ကိုအောင်မြတ်က  ပြောသည်။

ယူနက်စကိုစာရင်းဝင်အ ဖြစ်ဆုံးဖြတ်မှုအစီအစဉ်၌ ပုဂံ ဒေသက အဆင့် (၁၈)တွင် ရှိပြီး လာအိုက အဆင့်(၁၇)ဖြစ်ကာ  လာအိုကို ဆုံးဖြတ်အပြီး နေ့လယ် စာစားချိန်ခေတ္တရပ်နားခဲ့ပြီး မြန် မာစံတော်ချိန်ညနေ ၅ နာရီခွဲမှ သာ ပြန်လည်စတင်ခဲ့သည်။

ထိုအချိန်တွင် ပုဂံဒေသဖြင့်  စတင်ပြီး မိနစ်အနည်းငယ်ကြာ  ဆွေးနွေးပြီးနောက် ပုဂံကိုယူနက် စကိုစာရင်းဝင်ဒေသအဖြစ် ချက် ချင်းအတည်ပြုပေးခဲ့သည်။

ယမန်နေ့က ယူနက်စကို စာရင်းဝင်၊မဝင် ဆုံးဖြတ်မှုကို ပုဂံ ဒေသခံအများစုက တိုက်ရိုက် ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှု ခဲ့သည်။ ပုဂံရှေးဟောင်းသုတေ သန ဦးစီးဌာနရုံးအတွင်းပရိုဂျက် တာဖြင့် ပြသခဲ့သည်။ ယူနက်စကို ဝင်ရေး အောင်မြင်စေရန်ဆိုကာ ဒေသခံများက ဘုရားဂေါပကအ ဖွဲ့ရှိသော စေတီပုထိုး ၁၇ ဆူတွင် ဇူလိုင် ၁ ရက်ကစ၍ ဇူလိုင် ၇ ရက်ထိ ပဋ္ဌာန်းရွတ်ဖတ်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများ ပြု လုပ်ခဲ့သည်။

‘‘ဘုရား ၁၇ ဆူမှာ ညတိုင်း ဆုတောင်းတာတွေ ရှိတယ်။ မရ ခဲ့မှာကို တော်တော်လေးစိတ်ပူကြ တာပေါ့ဗျာ’’ဟု ပုဂံဒေသတွင်း ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက  ပြောသည်။

ပုဂံဒေသကို ယူနက်စကိုစာ ရင်းဝင်ရေးတင်သွင်းခြင်းသည်  ဒုတိယအကြိမ်ဖြစ်ပြီး စစ်အစိုးရ လက်ထက် ၁၉၉၆ က တစ်ကြိမ် တင်သွင်းခဲ့သည်။ ထိုစဉ်က ရှေး ဟောင်းဥပဒေပြဋ္ဌာန်းထားမှုမရှိ ခြင်းနှင့် ယူနက်စကို၏ စည်းမျဉ်း များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပယ်ချခဲ့သည်။ ယခုအကြိမ်က ဒုတိယအကြိမ် တင်သွင်းခြင်းဖြစ် သည်။

ရှေးဟောင်းမြို့တော် ပုဂံဒေ သ ယူနက်စကိုစာရင်းဝင်ရေး ၂၀၁၈ ဇန်နဝါရီ ၂၅ ရက်ကအပြီး သတ်အဆိုပြုလွှာ တင်သွင်းခဲ့ သည်။ ပုဂံဒေသကို စီမံခန့်ခွဲမှု အပိုင်းများ၊ စေတီပုထိုးအရေအ တွက်၊ ကျောက်စာ၊ မင်စာနှင့် နံရံဆေးပန်းချီအရေအတွက်၊ ပုဂံ ဒေသရှိ ဘုရားပွဲတော်များအ ကြောင်းအပါအဝင် စာမျက်နှာ ၂,၀၀၀ ခန့် ရေးသားပြီး ပြင်သစ် နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်စင်တာ သို့ ပေးပို့ခဲ့သည်။

ယခင်က ရှေးဟောင်းမြို့ တော် ပုဂံဇုန်ဧရိယာသည် စတု ရန်းဧက ၂၇,၉၇၀ သာ ကျယ်ဝန်း ပြီး ယူနက်စကိုစာရင်းတင်သွင်း ရာတွင် ယခင်ထက်ဧကနှစ် သောင်းခန့်တိုးချဲ့ကာ ၄၈,၀၉၉ စတုရန်းဧကအထိ တိုးချဲ့တင်  သွင်းခဲ့သည်။ ယူနက်စကိုစာရင်း  တင်သွင်းရာတွင် အရှေ့ဖွားစော၊  အနောက်ဖွားစော၊ မင်းနန်သူ၊  သူဌေးကန်၊ တောင်ဘီနှင့် မြင်းက ပါကျေးရွာများအပြင် ပုဂံမြို့အ နောက်ဘက်ရှိ ဧရာဝတီမြစ်တစ် လျှောက်လုံး ထည့်သွင်းထားကာ  မကွေးတိုင်းရှိ တန့်ကြည့်တောင် ဘုရားကိုပါ ဇုန်အတွင်း ထည့် သွင်းသတ်မှတ်ထားသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရန် တင်သွင်းထားသော ရှေး ဟောင်းမြို့တော် ပုဂံဒေသကို ICOMOS အဖွဲ့မှ ပညာရှင်တစ်ဦး က ၂၀၁၈ စက်တင်ဘာတွင် ၁၀ ရက်ကြာလာရောက်စစ်ဆေးပြီး ပုဂံဒေသ ယူနက်စကိုစာရင်းဝင် ရန် အဆိုပါ ICOMOS အဖွဲ့က ထောက်ခံခြင်းဖြစ်သည်။

ပုဂံဒေသ ယူနက်စကိုဝင် ရေး ဆုံးဖြတ်မည့်အစည်းအဝေး သို့ သွားရောက်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၂ ရက်တွင် အောင်ပွဲနှင့်အတူ ပြန်လာမည်ဖြစ်သည်။ ၎င်းတို့အ ဖွဲ့ ပြန်ရောက်လာပါက ပုဂံဒေသ တွင် အောင်ပွဲအခမ်းအနားများ ပြုလုပ်မည်ဟု မြန်မာကိုယ်စား လှယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ညွှန်ကြားမှုဦး စီးဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦး အောင်အောင်ကျော်က ပြော သည်။ ‘‘ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်ပြီလို့ ရေးထားမယ့် ဆိုင်း ဘုတ်လေဆိပ်ကနေ ပုဂံမြို့သစ် သွားတဲ့လမ်းဆုံနေရာမှာ ထောင် မယ်လို့ စဉ်းစားထားတယ်’’

No comments:

Post a Comment