Sunday, July 7, 2019

ခြောက်လအတွင်း ကုမ္ပဏီရှစ်ထောင်ကျော် မှတ်ပုံတင်ခဲ့ဟုဆို

ယခုနှစ်ခြောက်လအ တွင်း ကုမ္ပဏီ ၈,၀၀၀ ကျော် မှတ်ပုံတင်ပြီး တစ်နိုင်ငံလုံးတွင် ကုမ္ပဏီ စုစုပေါင်း ၆၅,၀၀၀ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်း၌ ဖော်ပြထားသည်။  ၂၀၁၉ ပထမနှစ်ဝက်အ တွင်း တစ်လလျှင် ပျမ်းမျှကုမ္ပဏီ ၁,၃၄၀ ခန့် မှတ်ပုံတင်ပြီး ဇန်န၀ါရီသည် အများဆုံးလဖြစ်ကာ ၁,၇၀၀ ကျော် မှတ်ပုံတင်ခဲ့သည်ဟု အဆိုပါဌာနက ထုတ်ပြန်ထား သည်။



 ဧပြီသည် ကုမ္ပဏီမှတ်ပုံတင်မှု အနည်းဆုံးဖြစ်ပြီး ကုမ္ပဏီ ၁,၀၀၀ ကျော် မှတ်ပုံတင်ခဲ့သည်။၂၀၁၈ ကုန်တွင် တစ်နိုင်ငံလုံး၌ ကုမ္ပဏီ ၅၆,၀၀၀  ကျော်ရှိပြီး ယခုနှစ် ခြောက်လအတွင်း ကုမ္ပဏီအ ဟောင်းများ ပြန်လည်မှတ်ပုံတင် ခြင်းနှင့် ကုမ္ပဏီအသစ်လျှောက် ထားခြင်းကြောင့် ၆၅,၀၀၀ ကျော် ရှိလာသည်။

 ကုမ္ပဏီဥပဒေသစ်အရ ၂၀၁၈ ဩဂုတ်က စတင်ကာ ကုမ္ပဏီများ အွန်လိုင်းမှ ပြန်လည်မှတ်ပုံတင်ရပြီး ကုမ္ပဏီအဟောင်း ၄၆,၀၀၀ ကျော် စာရင်းတင်သွင်းခဲ့သည်ဟု အဆိုပါဌာနက ထုတ်ပြန်သည်။ ကုမ္ပဏီအသစ် မှတ်ပုံတင်ရာတွင် ဘဏ္ဍာနှစ်အပြောင်းအလဲ ပြုလုပ်သည့် ၂၀၁၈ စက်တင်ဘာ၌ အမြင့်ဆုံးဖြစ်ပြီး ယင်းတစ်လတည်းတွင် ကုမ္ပဏီ ၂,၂၀၀ကျော် မှတ်ပုံတင်ခဲ့သည်။

မှတ်ပုံတင်ရာတွင် ကုမ္ပဏီအမျိုးအစား ခွဲခြားထားမှုမရှိခြင်းနှင့် ဥပဒေအသစ်၌ ကုမ္ပဏီ၏ စီးပွားရေးရည်မှန်းချက် ထည့်သွင်းရန် မလိုခြင်း၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီဟူ၍ မခွဲခြားခြင်းတို့ ကြောင့် ကုမ္ပဏီက လုပ်ငန်းအစီရင်ခံစာ တင်ပြမှသာ စီးပွားရေးလုပ်ငန်းကို ခွဲခြားနိုင်မည်ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားထားသည်။

နှစ်(၁၀၀)ကျော် သက်တမ်းရှိသည့် ကုမ္ပဏီဥပဒေကို ၂၀၁၄ တွင် အသစ်ပြင်ဆင်ရေးဆွဲပြီး၂၀၁၇ ၌ အတည်ပြုပြဋ္ဌာန်းနိုင် ခဲ့သည်။ ထိုဥပဒေတွင် စီးပွားရေး လုပ်သာကိုင်သာရှိရေး ဖြေလျှော့ မှု အများအပြား ပြုလုပ်ထား ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနက ပြောကြားသည်။

No comments:

Post a Comment