Sunday, July 7, 2019

လယ် ၁၀ ဧကအထက် ပိုင်ဆိုင်သော ရခိုင်မှ လယ်သမားများကို စိုက်ဘဏ်က ငွေချေးပေးရန် အစိုးရထံတင်ပြ

ရခိုင်လယ်ယာကဏ္ဍဖွံ့ ဖြိုးရေးအတွက် ၁၀ ဧကအထက် ပိုင်ဆိုင်သော လယ်သမားများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က ငွေထုတ်ချေးပေးရန် အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်များ တွင် ပုဂ္ဂလိကဘဏ်များအခိုင်အ မာမရှိသေးခြင်းကြောင့် အစိုးရ ဘဏ်ဖြစ်သော မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကသာ သီးခြား စဉ်းစားပြီး ၁၀ ဧကအထက် လုပ် ကွက်ကြီး လယ်သမားများကို ငွေ ထုတ်ချေးရန် စီမံဘဏ္ဍာဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်က တင်ပြခြင်းဖြစ်သည် ဟု ၎င်းက ရှင်းပြသည်။



‘‘ရခိုင်က ဆန်စပါးစိုက်ပျိုး ရေးကဏ္ဍမှာ အရေးကြီးတဲ့အချိန် ကို ရောက်နေပါတယ်’’ဟု ဦးရဲ မင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ဒုတိယ မြောက် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည် နယ်စာရင်းတွင် ပါဝင်နေသော ရခိုင်ပြည်နယ်၏ လယ်ယာကဏ္ဍ သည် အခက်အခဲများစွာ ရှိနေ သည်။ ထို့ကြောင့် ငွေကြေး ထောက်ပံ့မှု တိုးမြှင့်ပေးနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က အစိုးရထံ တောင်းဆိုခြင်းဖြစ် သည်။

သို့သော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၁၀ ဧကအထက် လယ်သမားများအား ငွေချေးပေးရန် မူဝါဒချမှတ်ထားခြင်းမရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၁၀ ဧက အထက် လယ်မြေပိုင်ဆိုင်သော လယ်သမားဦးရေ ခြောက်သိန်း ကျော်ရှိပြီး စိုက်ဧက ၁၂ သန်းခန့် ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး မောင်မောင်ဝင်းက ပြောကြား ထားသည်။ ယင်းလယ်မြေများအတွက် ငွေချေးရမည်ဆိုပါက ကျပ်ဘီလီယံ ၂,၀၀၀ ခန့် လိုအပ် ကြောင်း ၎င်းကပြောကြားသည်။  လက်ရှိ ၁၀ ဧကအောက် လယ်သမားများကို မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က ငွေထုတ် ချေးရာတွင် လယ်သမားနှစ်သန်း ခန့်ရှိသည်ဟု ဦးမောင်မောင်ဝင်း က ပြောသည်။ စိုက်ဧက ၁၅ သန်းခန့်ရှိနေပြီး ကျပ်ဘီလီယံ ၂,၀၀၀ ခန့် ထုတ်ချေးနေရသည်ဟု ဆို သည်။

No comments:

Post a Comment