Monday, July 8, 2019

7 Sense ထုတ်လုပ်ရေးနဲ့ စာချုပ်သက်တမ်းတိုးမယ့် ရွှေထူး

 သြဂုတ်တွင် 7Sense ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမည့် စစ်ကားရုပ်ရှင်၌ ပါဝင်သရုပ်ဆောင်ရန်ရှိ ကြောင်း အဆိုတော် ရွှေထူးက ပြောသည်။ ယင်းဇာတ်ကားကို ဒါရိုက် တာ ကိုပေါက်က ရိုက်ကူးမည်ဖြစ် ပြီး သရုပ်ဆောင်များအဖြစ် ၎င်းအပါအ၀င် နေတိုး၊ ကျော်ကျော်ဗို၊ထူးအောင်၊ အေးမြတ်သူ၊ နွယ်ဒါလီထွန်းနှင့် ရွှေရင်အေးတို့အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင် မည် ဖြစ်သည်။ ‘‘ဇာတ်လမ်းကတော့ ကျွန် တော့်ဆီ မရောက်သေးဘူး။ ပြင် ဆင်မှုကတော့ လေးယောက်စ လုံး Gym မှာစုပြီး Gym ဆော့ဖြစ် ကြတယ်။ အဓိကကတော့ ထူး အောင်က ဗလအတောင့်ဆုံးဆို တော့  သူက သင်ပြပေးတာပေါ့။ ကျွန်တော်တို့ကျတော့ အခုမှ လေ့ကျင့်ခန်းကို ပြန်လုပ်တာဆိုတော့ တော်တော်တော့ လိုက်ရတယ်’’ ဟု ၎င်းကပြောသည်။


စစ်ကား   ရုပ်ရှင်သည် Adventure ဆန်ပြီး ဟာသနှင့် ရောနှောထားကာပါဝင်မည့်   သရုပ် ဆောင်  အားလုံးပေါ့ပေါ့ပါးပါး ရိုက်ကူးမည်ဖြစ်ကြောင်း ရွှေထူးက ပြောသည်။

7Sense ရုပ်ရှင်ထုတ်လုပ် ရေးနှင့် ချုပ်ဆိုထားသည့် ၂ နှစ်စာချုပ် ဒီဇင်ဘာတွင် ပြည့်မည်ဖြစ်သော်လည်း ယင်းထုတ်လုပ် ရေးနှင့် အလုပ်လုပ်ရခြင်းသည်  အဆင်ပြေသည့်အပြင် ညီအစ် ကိုလိုဖြစ်နေသောကြောင့် စာချုပ်သက်တမ်းထပ်တိုးရန် ညှိနှိုင်းနေ သည်ဟု ဆိုသည်။ ‘‘ဒီနှစ်စာချုပ်ထပ်တိုးဖို့ ကမ်းလှမ်းလာတာလေးတွေ ရှိတယ်။ ကျွန်တော်တို့တွေ စကားပြောနေ ကြပါတယ်။ ရှစ်ကားချုပ်ထား တာပါ။ ဒါပေမဲ့ နှစ်ကားပဲပြီးသေး တယ်။ အဲဒါကြောင့် စာချုပ်သက် တမ်းတိုးပြီး ဒီလထဲမှာလည်း ထပ် ပြီးရိုက်ဖြစ်သွားဦးမှာပါ’’ဟု ရွှေထူး ကပြောသည်။

No comments:

Post a Comment