Monday, July 8, 2019

ကွင်းလယ်လူ လော့ဖ်တက်ဖ်ချိခ်နှင့် ချယ်လ်ဆီးအသင်း ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

အင်္ဂလန်ကွင်းလယ်လူ လော့ဖ်တက်ဖ်ချိခ်(၂၃ နှစ်)သည် ချယ်လ်ဆီးအသင်းနှင့် ငါးနှစ် သက်တမ်းတိုးစာချုပ် လက်မှတ် ရေးထိုးခဲ့သည်။  အင်္ဂလန်အတွက် ၁၀ ပွဲကစားထားသော ချိခ်သည် ချယ်လ်ဆီးတွင် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပြီးခဲ့သည့် ဘောလုံးရာသီက အထင်ကြီးစရာခြေစွမ်းပြသနိုင်ခဲ့သည်။ ချယ်လ်ဆီးနည်းပြသစ်လမ်း ပတ်က ၎င်း၏ အစီအစဉ်အဓိက အစိတ်အပိုင်းအဖြစ် ချိခ်ကို အသုံး ပြုမည်ဟု မျှော်လင့်ရသည်။



‘‘ဒီမှာ နောက်ထပ်ငါးနှစ် ဆက်နေရမှာမို့ ကျွန်တော် ပျော် ရွှင်ပြီး ကျေနပ်မိပါတယ်။ ဒီနေ ရာက ကျွန်တော့်ကစားသမားဘ၀ ကြီးပြင်းတဲ့နေရာဖြစ်ပြီး အချိန် ကြာကြာ ကစားခွင့်ရမယ်လို့ မျှော်လင့်ပါတယ်’’ ဟု ချိခ်ကပြောသည်။

 အသက်(၈)နှစ်အောက် ကစားသမားအဖြစ် ချယ်လ်ဆီး သို့ ၂၀၀၄ က စတင်ရောက်ရှိခဲ့သူ ချိခ်သည် သက်တမ်းအလိုက် ချယ်လ်ဆီး ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပြီး ခရစ္စတယ်ပဲ လေ့စ်တွင် အသင်းကြီးကစားသ မားအဖြစ် လက်ရှိအချိန်အထိ ၇၂ ပွဲ ကစားထားသည်။

‘‘ချိခ်ကို လာမယ့်နှစ်တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ကျွန်မတို့ ရှုမြင်ပါတယ်။ ချယ်လ် ဆီးက သူ့အနာဂတ်လို့ ချိခ်ကစဉ်းစားနေတာကို ကျွန်မတို့ အလွန်ကျေနပ်မိပါတယ်’’ဟု ချယ်လ်ဆီးအသင်း ညွှန်ကြားရေးမှူး မစ္စစ် မာရီယာနာက ပြောသည်။

No comments:

Post a Comment