Monday, July 8, 2019

တောင်ကိုရီးယားနိုင်ငံက ရေလုပ်ငန်းအတွက် နှစ်စဉ်မြန်မာလုပ်သားရာနှင့်ချီ ခေါ်ယူမည်

တောင်ကိုရီးယားနိုင်ငံမှ အနေဖြင့် ပင်လယ်ငါးဖမ်း ရေလုပ်ငန်းအတွက် နှစ်စဉ်မြန်မာလုပ်သားဦး ရေရာနှင့်ချီခေါ်ယူ မည်ဟု ယင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မည့် ရွှေဖြိုးသာပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းဝင်းက ပြောသည်။ အဆိုပါ ရေလုပ်သား စေလွှတ်ခြင်းကို မြန်မာနိုင်ငံဘက်မှ ရွှေဖြိုးသာကုမ္ပဏီနှင့် တောင်ကိုရီးယားနိုင်ငံဘက်မှ လုပ်သားလက်ခံခေါ်ယူမည့် ဂူရွန်ပိုကုမ္ပဏီတို့ သဘောတူညီမှု MoU ကို ယမန်နေ့က ရန်ကုန်မြို့၌လက်မှတ်ရေးထိုးပြီး ယင်းလုပ်သားများ စတင်စေလွှတ်ရန် ပြင်ဆင်နေသည်။



‘‘သူတို့ (တောင်ကိုရီးယား) ဘက်က တစ်နှစ်ကို မြန်မာလုပ်သား၁၅၀ ကျော်လောက် ခေါ်မယ်လို့ ပြောထားတယ်။ ဒီနှစ်အတွက် ပထမအသုတ် Demand Letter(အလုပ်ခေါ်စာ)မှာ၃၀ဦးကျထားပြီးပြီ’’ဟု ဒေါ်သင်းသင်းဝင်းက ပြောသည်။

ပုဂ္ဂလိက အေဂျင်စီများကို တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်သား စေလွှတ်ခွင့်ကို ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအ ရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက၂၀၁၈ နှစ်ကုန်ပိုင်း တွင် ခွင့်ပြုထားသည်။

ထို့နောက် ပြည်ပအလုပ်အ ကိုင် ရှာဖွေရေး အေဂျင်စီများက ယင်းနိုင်ငံ လုပ်သားဈေးကွက်ကို ချိတ်ဆက်ရှာဖွေပြီးနောက် ယခုစေလွှတ်ရန် ပြင်ဆင်ခြင်းဖြစ် သည်။

‘‘အရင်က ငါးဖမ်းရေလုပ် ငန်း အတွေ့အကြုံရှိသူတွေ အများကြီး ရှိတယ်။ အများစုကအရင်က တစ်ဖက်နိုင်ငံတွေမှာတရားမဝင် သွားရောက်လုပ်ကိုင် နေကြရတာဖြစ်လို့ အလုပ်သမားအခွင့်အရေး အပြည့်အဝမရတာ၊လုပ်ခလစာ အပြည့်အဝမရတာမျိုးတွေ ရှိခဲ့ကြတယ်။ အခုတရားဝင် လုပ်ခွင့်ရတဲ့အတွက် အလုပ်သမားတွေအဖို့လည်း အာမခံချက်ပိုရှိစေမှာပါ’’ဟု ဒေါ်သင်းသင်းဝင်းက ပြောသည်။

တောင်ကိုရီးယားနိုင်ငံသို့ရေလုပ်သားအဖြစ် သွားရောက် လုပ်ကိုင် မည်ဆိုပါက ဝန်ဆောင်ခ

ဒေါ်လာတစ်ထောင် ကုန်ကျမည်ဖြစ်ကာ တစ်လလျှင် ကျပ် ၂၁  သိန်းခန့်ရရှိမည်ဟု ၎င်းကဆိုသည်။

တောင်ကိုရီးယားနိုင်ငံ အနေဖြင့် လူ့အခွင့်အရေးကို အလေးထားသဖြင့် နိုင်ငံခြားသားများ လည်း ၎င်းတို့ နိုင်ငံသားများနည်း တူ ခံစားခွင့်ရရှိမည်ဖြစ်၍ စိုးရိမ်ရန် မလိုကြောင်း ဂူရွန်ပိုကုမ္ပဏီ အကြီးအကဲ မစ္စတာကင်ဂျွန်ဟွမ် က ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဒီထက်ပိုချိတ်ဆက် အလုပ်လုပ်သွားနိုင်ဖို့ ကိုလည်း မျှော်လင့်ပါတယ်’’ဟု ၎င်းကပြောသည်။ မြန်မာအစိုးရသည် တောင်ကိုရီးယား နိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့်ကို အစိုးရပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတည်းကိုသာ ခွင့်ပြုရာမှ ရေလုပ်ငန်းအတွက် ပုဂ္ဂလိကအေဂျင်စီများကို ပထမဆုံးစေလွှတ်လုပ် ကိုင်ခွင့်ချပေးခြင်းဖြစ်သည်။

No comments:

Post a Comment