Monday, July 8, 2019

အစိုးရသက်တမ်းသုံးနှစ်အတွင်း ကုန်သွယ်မှုလိုငွေပမာဏ အများဆုံးလျော့ကျ

ဒီချုပ်အစိုးရ၏ တတိယ မြောက်ဘဏ္ဍာနှစ်ကိုးလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ သည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလ တူနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်လျော့ နည်းသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုး လအတွင်း ကုန်သွယ်မှုစုစုပေါင်း ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသောကုန် သွယ်မှုလိုငွေပမာဏက ယခု ဘဏ္ဍာနှစ်ကာလတူတွင် ၅ရာခိုင် နှုန်းအောက်သို့ ကျဆင်းခဲ့သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကိုး လအတွင်း မြန်မာနိုင်ငံ၏ ကုန် သွယ်မှုလိုငွေသည် ဒေါ်လာတစ် ဘီလီယံခန့်သာရှိသဖြင့် ပြီးခဲ့ သည့်နှစ်ကာလတူတွင် ကုန်သွယ် မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၃ ဘီလီ ယံကျော်ရှိခဲ့သည်။



ပို့ကုန်ပမာဏတိုးမြှင့်ပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ် ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှု လျော့နည်းခြင်းက ကုန်သွယ်မှုလိုငွေကို လျော့ကျ စေသည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက် ထောက်အတွင်းဝန်ဦးခင်မောင် လွင်က ပြောသည်။

ပို့ကုန်တိုးမြှင့်မှုတွင် လက်ခ စားအထည်ချုပ်တင်ပို့မှုနှင့် ပဲမျိုး စုံအပါအ၀င် လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့မှုတိုးမြှင့်ခြင်း ကြောင့် ယခုဘဏ္ဍာနှစ်၌ ပို့ ကုန်တန်ဖိုးမြင့်တက်လာသည်ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍ တွင် အထည်ချုပ်ပို့ကုန်များအပါ အ၀င် စက်မှုကုန်ချောကဏ္ဍ တင် ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ထက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီ ယံကျော်ပိုမိုတင်ပို့ထားသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် အများဆုံးတင်ပို့ထားသည့် သ ဘာဝဓာတ်ငွေ့အပါအ၀င် စက်မှု ကုန်ချောပို့ကုန်ပမာဏသည် ယ ခုဘဏ္ဍာနှစ်ကိုးလအတွင်း ဒေါ် လာ ခုနစ်ဘီလီယံအထိရှိနေ သည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ကာလတူကိုးလအတွင်း စက်မှု ကုန်ချော ပြည်ပတင်ပို့မှုသည် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံသာ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ သွင်းကုန် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းတင်သွင်းမှုသည်ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ဒေါ်လာသန်း ၅၆၀ ကျော် ဖြင့် အများဆုံးလျော့နည်းလာ သည်။ လူသုံးကုန်ပစ္စည်းတင် သွင်းမှုက ဒုတိယအများဆုံးလျော့ နည်းသည့်ကဏ္ဍဖြစ်လာပြီး ဒေါ် လာသန်း ၃၆၀ ကျော်လျော့နည်း သည်။

ကုန်သွယ်မှုလိုငွေ လျော့ နည်းခြင်းသည် မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေး အဓိ ကကျသည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းက ပြောသည်။ ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး တည်ငြိမ်ရေး ကုန်သွယ်မှုတွင် ပို့ ကုန်ထက် သွင်းကုန်လျော့နည်း ပြီး ပိုငွေပြကုန်သွယ်ရေးဖြစ်လာ ရန်လိုသည်ဟု ၎င်းကဆိုသည်။ ကုန်သွယ်မှုတွင် သွင်းကုန် ထက် ပို့ကုန်တန်ဖိုးပိုများစေရန် စီးပွားကူးသန်းဝန်ကြီးဌာနက ဆောင်ရွက်နေသော်လည်း နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ပမှ ကုန်ကြမ်းပစ္စည်းများစွာ တင်သွင်းနေရချိန်တွင် ကုန်သွယ် မှုလိုငွေသည် အချိန်အတိုင်းအ တာတစ်ခုအထိ ရှိနေနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ သန်းမြင့်က ပြောကြားထားသည်။

No comments:

Post a Comment