Monday, July 8, 2019

မက်ဆီက ဒိုင်လူကြီးများနှင့် အဂတိလိုက်စားမှုကို ပြင်းထန်စွာဝေဖန်

အာဂျင်တီးနားအ သင်းခေါင်းဆောင်မက်ဆီသည် ပွဲကြီးကြပ်ကိုင်တွယ်ပုံနှင့် အဂတိ လိုက်စားမှုကို ဆန့်ကျင်ရန် ကိုပါ အမေရိကဖလားတတိယဆုပေး ပွဲကို သပိတ်မှောက်ခဲ့ပြီး အာဂျင် တီးနားသည် မျှတစွာဆက်ဆံခံ ရခြင်းမရှိကြောင်း အခိုင်အမာ ပြောကြားသည်။ အာဂျင်တီးနားက ချီလီကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်တတိ ယနေရာလုပွဲတွင် မက်ဆီသည် တိုက်ရိုက်အနီကတ်ဖြင့် ထုတ် ပယ်ခံရပြီး ၎င်းနှင့်အချင်းများ ခဲ့သော ချီလီကွင်းလယ်လူမီဒယ် လည်း ထုတ်ပယ်ခံရသည်။


ဘာစီလိုနာတွင် အနီကတ် ပြသခံရခြင်းမရှိသော မက်ဆီ သည် ယခုအနီကတ်မတိုင်မီ လွန်ခဲ့သော ၁၄ နှစ်က ၎င်း၏ နိုင် ငံတကာပွဲဦးထွက်၌ ပထမဆုံး နှင့်နောက်ဆုံးအနီကတ်ပြခံခဲ့ရ သည်။

‘‘နှစ်ဦးစလုံးအတွက် အ၀ါ ကတ်ဆိုရင် လုံလောက်ပါတယ်’’ ဟု မက်ဆီကပြောသည်။

ပွဲကြီးကြပ်ကိုင်တွယ်ပုံကို ကန့်ကွက်ရန် မက်ဆီသည် တတိ ယဆုပေးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ ပွဲအပြီး၌ မက်ဆီက ပြင်းထန်သောစကားလုံးများသုံး နှုန်းခဲ့ပြီး ၎င်းအနေဖြင့်ယခုအဂတိ လိုက်စားမှုတွင် မပါဝင်ခဲ့သင့် ကြောင်း ပြောသည်။

‘‘ဒီကိုပါဖလားမှာ ကျွန် တော်တို့အပေါ် လေးစားမှုမရှိခဲ့ ပါဘူး။ ကျွန်တော်တို့ ဒီထက် ကောင်းမွန်အောင် စွမ်းဆောင် ကောင်း စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ဗိုလ်လုပွဲတက်ခွင့်မပေးခဲ့ပါဘူး။ အဂတိလိုက်စားမှုနဲ့ ဒိုင်လူကြီး တွေဟာ ပရိသတ်တွေကို ဘော လုံးရသခံစားခွင့်မပေးပါဘူး။ ဒါ က ဘောလုံးလောကကို ဖျက်ဆီး နေပါတယ်’’ ဟု မက်ဆီက ပြော ကြားသည်။

မက်ဆီသည် အိမ်ရှင်ဘရာ ဇီးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အကြိုဗိုလ်လုပွဲစဉ်ကလည်းပွဲကြီး ကြပ်ကိုင်တွယ်ပုံအပေါ် အကြီး အကျယ်စောဒကတက်ခဲ့သည်။

၎င်း၏မှတ်ချက်များအတွက် ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ကို စိုး ရိမ်ပါသလားဆိုသောမေးခွန်းကို မက်ဆီက ‘‘အမှန်ကိုပြောဖို့ လို အပ်ပါတယ်’’ ဟု ဖြေကြားသည်။ ‘‘ဒီတစ်ကြိမ်မှာ ဘောလုံးက ကျွန်တော်တို့အပေါ် မမျှတဘူး လို့ ခံစားရပါတယ်’’ ဟု နောက် ပိုင်းတွင် မက်ဆီက အင်စတာ ဂရမ်၌ ရေးသားခဲ့သည်။ 

No comments:

Post a Comment