Monday, July 8, 2019

ခြေစမ်းပွဲတွင် မြန်မာ ယူ-၁၅ အသင်း တရုတ် ယူ-၁၅ အသင်းကို ရှုံးနိမ့်

တရုတ်နိုင်ငံတွင် ယှဉ် ပြိုင်သည့် နိုင်ငံတကာခြေစမ်းပွဲ၌ မြန်မာ့လက်ရွေးစင်ယူ-၁၅ ဘော လုံးအသင်းက တရုတ်ယူ-၁၅ အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ ဇူလိုင် ၆ ရက်က တရုတ် နိုင်ငံ ဟိုင်ကူမြို့ရှိ Wutuanhe Sport ကွင်းတွင် ကျင်းပသည့် ယင်းပွဲ၌ အိမ်ရှင်တရုတ်အသင်း နှင့် မြန်မာအသင်းတို့ အကြိတ်အ နယ်ယှဉ်ပြိုင်ခဲ့သည်။  ပွဲချိန် ပထမပိုင်းတွင် နှစ် သင်းစလုံးဂိုးသွင်းနိုင်ခြင်း မရှိသ ဖြင့် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းတွင် တရုတ်အသင်း က အနိုင်ဂိုး နှစ်ဂိုးသွင်းယူသဖြင့် ပွဲအပြီး၌ မြန်မာအသင်း ရှုံးနိမ့်ခဲ့ သည်။



မြန်မာ့လက်ရွေးစင်ယူ-၁၅ ဘောလုံးအသင်းသည် အာဆီယံ နှင့် အာရှခြေစစ်ပွဲအကြို ပြင်ဆင် မှုအဖြစ် ယင်းခြေစမ်းပွဲကို ယှဉ် ပြိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ ဘောလုံးအသင်းကို ကစားသမား ၂၃ ဦးဖြင့် ဖွဲ့စည်းထားပြီး မေလ ကစတင်၍ အာဆီယံနှင့်အာရှခြေ စစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင် နေသည်။

မြန်မာယူ-၁၅ အသင်းကို  အုပ်ချုပ်သူအဖြစ် ဦးညီညီလတ် နှင့် နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံ သားတာကူမာက တာဝန်ယူထား သည်။

၂၀၁၉ အာဆီယံ ယူ-၁၅ ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိထိုင်း  နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ ၂၂ ရက် အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ မြန်မာယူ-၁၅ အသင်း သည် အာဆီယံပြိုင်ပွဲတွင် အင်ဒို နီးရှား၊ ဗီယက်နမ်၊ တီမော၊ စင် ကာပူ၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေ သည်။

No comments:

Post a Comment