Monday, July 8, 2019

ကမ္ဘာ့အကြီးဆုံး ဂုန်လျှော်အိတ် ဂင်းနစ်စံချိန်သစ်တင်

ကမ္ဘာ့အကြီးမားဆုံး ဂုန်လျှော်အိတ်ကို အင်္ဂလန်နိုင်ငံမှာပြုလုပ်ခဲ့တယ်လို့ UPI သတင်းမှာ ဇူလိုင် ၅ ရက်နေ့ ဖော်ပြပါတယ်။  ဒီအိတ်ကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဈေးဝယ်အိတ်ထုတ်လုပ်ရေးကုမ္ပဏီတခုနဲ့ မားကတ်တင်းအေဂျင်စီတခုနဲ့  မူလတန်းကျောင်းသားတွေ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီဖန်တီးမှုဟာ ကမ္ဘာ့အကြီးမားဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဂင်းနစ်စံချိန်သစ်ကိုလည်း ရရှိခဲ့ပါတယ်။  Cotton Bag ကုမ္ပဏီက Varn လို့ ခေါ်တဲ့ ဒီဂျစ်တယ်မားကတ်တင်းကုမ္ပဏီရဲ့ အကူအညီနဲ့ Fitzmaurice မူလတန်းကျောင်းတို့မှ ကျောင်းသားတွေ ပူးပေါင်းကာ ပြန်လည်အသုံးပြုနိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံးအိတ်ကို ဖန်တီးခဲ့တာပါ။


ဒါဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်မှုတခုဖြစ်ပြီး အကျယ် ၇၃ ဒသမ ၈ ပေ၊ အမြင့် ၄၇ ဒသမ ၉ ပေရှိတဲ့ ဒီအိတ်ကြီးဟာ ဂင်းနစ်မှတ်တမ်းကိုလည်း ရရှိခဲ့ပါတယ်။

ဒီအိတ်မတိုင်ခင် ကမ္ဘာ့အကြီးမားဆုံး လျှော်အိတ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံက ဖန်တီးခဲ့ပြီး Cotto Bag ရဲ့အိတ်က မူလစံချိန်ဟောင်းထက်ပိုမိုကြီးမားနေပါတယ်။

ဒီစီမံကိန်းဟာ အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်အိတ်ကင်းစင်ရေးနေ့မှာ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီအိတ်ကြီးကို တစစီခွဲကာ ဂုန်လျှော်စတွေကို ကျောင်းသားတွေထံ ဝေပေးမယ်လို့ Cotto Bag ကုမ္ပဏီကပြောပါတယ်။

ကုမ္ပဏီရဲကအဆိုအရ ဒီအိတ်ကြီးဟာ ရေသန့်ဘူးပေါင်း ၁၈၉၈၇၄၉ ဘူးကို ထည့်သွင်းနိုင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment