Monday, July 8, 2019

နိုင်ငံသားပိုင်လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုရန် စီစဉ်နေ

နိုင်ငံသားပိုင်လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံမှုကို ၃၅ ရာ ခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုရေး စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ လက်ရှိအချိန်ထိ ၂၀ ရာခိုင် နှုန်းသာ နိုင်ငံခြားသားရင်းနှီးမြှုပ် နှံမှုကို ခွင့်ပြုထားသော်လည်း ကုမ္ပဏီဥပဒေအရ ၃၅ရာခိုင်နှုန်း အထိ တိုးမြှင့်ခွင့်ပြုရန် အစီအစဉ် များရေးဆွဲပြင်ဆင်နေသည်ဟု ၎င်းကဆိုသည်။



ရာခိုင်နှုန်းပြည့် နိုင်ငံခြား သားပိုင်ကုမ္ပဏီများနှင့် နိုင်ငံခြား သား- နိုင်ငံသားဖက်စပ်ကုမ္ပဏီ များကို ၂၀၁၈ မေလအတွင်းက လက်လီ၊ လက်ကားရောင်းဝယ် ရေးလုပ်ငန်းများ အစိုးရက ခွင့် ပြုခဲ့သည်။ ငွေကြေးအရင်းအနှီး များစွာဖြင့် ၀င်ရောက်လာမည့် နိုင်ငံခြားကုမ္ပဏီများကို ယှဉ်ပြိုင် နိုင်ရေး နိုင်ငံသားပိုင်ကုမ္ပဏီများ ၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို မြှင့် တင်နိုင်ရန် အစုရှယ်ယာပါဝင်မှု ကို ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာန အနေဖြင့် ဖြေလျှော့မှုများပြုလုပ် ပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံခွင့် ကိုနိုင်ငံသားများနှင့်တန်းတူခွင့်ပြု ပေးနေခြင်းအပေါ် ပြည်တွင်းလုပ် ငန်းရှင်အချို့ကစိုးရိမ်နေသည်။

‘‘နိုင်ငံခြားသားတွေနဲ့ ယှဉ် ပြိုင်ရမှာက အခက်အခဲတွေတော့ ရှိတယ်’’ ဟု မြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။ ငွေကြေးအရင်းအနှီး နှင့် နည်းပညာအားနည်းချက်များ ရှိနေသော တိုင်းရင်းသားလုပ်ငန်း ရှင်များကတန်းတူယှဉ်ပြိုင်ရေးရုန်း ကန်နေရသည်ဟု၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံခြားသား သီးသန့်ကုမ္ပဏီများ၊ နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်နေသောကုမ္ပဏီ များဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး၊ မျိုးစေ့၊ ဆေးရုံသုံးကိရိယာ နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် ပြုထားခြင်းနှင့်ပတ်သက်၍ ယခု နှစ်အတွင်း စီးပွားကူးသန်းဝန်ကြီး ဌာနက ပြုပြင်ပြောင်းလဲခဲ့သည်။ အဆိုပါကုန်ပစ္စည်းများတင်သွင်းခွင့်ပြုထားခြင်းကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ဖြင့် လုပ်ကိုင်ခွင့်အစား လက်လီ၊ လက်ကားရောင်းချခွင့် လုပ်ငန်း မှတ်ပုံတင်ဖြင့်သာ ပြောင်းလဲ လုပ်ဆောင်ရမည်ဖြစ်သည်။

No comments:

Post a Comment