Monday, July 8, 2019

တာချီလိတ်က ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင် ဆိုင်ဖွင့်ချိန်တွင် လုယက်ခံရ

Image may contain: one or more people and outdoorတာချီလိတ်မြို့ ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင်ကို သေနတ်နဲ့ လူနှစ်ဦးက ဇူလိုင်လ (၈)ရက်၊ ဆိုင်ဖွင့်ချိန် မနက် (၈)နာရီခန့်မှာ ဝင်ရောက်လုယက်ခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဝမ်ကောင်းဈေးအနီး ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင် မနက်ဆိုင်ဖွင့်ချိန်ဖြစ်တဲ့ (၈)နာရီခန့်မှာ ဆိုင်ဝန်ထမ်းတွေ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေစဉ်မှာ ဆိုင်ကယ်ဦးထုပ် အကြီးဆောင်းထားတဲ့ လူနှစ်ဦးက ဆိုင်ထဲဝင်လာပြီး လုယက်သွားတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဝင်ရောက်လုယက်မှုကြောင့် ရွှေဘယက်တစ်ကုံး၊ ရွှေဆွဲကြိုးတစ်ကုံးနဲ့ေ ရွှဆွဲပြားတစ်ပြား ပါသွားပြီး အလေးချိန် ၂၅ ဘတ်သားခန့်ရှိတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

No comments:

Post a Comment