Monday, July 8, 2019

ပြည်ပမော်တော်ယာဉ်ကုမ္ပဏီများ၏ ပြည်တွင်းထုတ်ကားအစီးရေ တစ်လလျှင် ၁,၂၀၀ ခန့်ရှိ

 မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေး  လုပ်ငန်းရှင်များအသင်း (MAMDA)၏ ကောက်ယူထား သည့်အချက်အလက်များအရ ပြည်တွင်း၌ SKD (အစိတ်အပိုင်း များတင်သွင်းလာပြီး ပြန်လည် တပ်ဆင်ထုတ်လုပ်သည့်စနစ်)၊ CKD (အလုံးစုံပြည်တွင်း၌ ထုတ် လုပ်သည့်စနစ်)ဖြင့် ပြည်ပ မော် တော်ယာဉ်ကုမ္ပဏီများ၏ ထုတ် လုပ်မှု တစ်လလျှင် အစီးရေ ၁,၂၀၀ ခန့်ရှိသည်။ ၂၀၁၉ ကစတင်ကာ မြန်မာ့ ကားဈေးကွက်အတွင်းသို့ SKD, CKD စနစ်ဖြင့် ၀င်ရောက်လာ သည့် နိုင်ငံတကာမော်တော် ယာဉ်အမှတ်တံဆိပ်များလည်း ခြောက်လအတွင်း ဈေးကွက်ဝေ စု၏ ၁၀ ရာခိုင်နှုန်းကျော်  ရရှိ ထားကြောင်း MAMDA ကဖော်ပြ သည်။



MAMDA ဒုတိယဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ‘‘ဒီနှစ်မှာ မော်တော်ယာဉ်ကုမ္ပဏီတွေရဲ့ ထုတ်လုပ်နိုင်မှုက အစီးရေ ၆,၀၀၀ ကျော်သွားပြီ’’ ဟုဆို သည်။ ရန်ကုန်လိုင်စင်ပါဝင်ပြီး ကျပ်သိန်း ၃၀၀ ခန့်ဖြင့် ကားအ သစ်ရရှိခြင်းသည် ဈေးကွက် ၀ယ်လိုအားများနေခြင်း၏အဓိက အချက်ဖြစ်ကြောင်း ယာဉ်လုပ် ငန်းကျွမ်းကျင်သူများက သုံးသပ် သည်။

ဝယ်၊ ရောင်းလုပ်ကိုင်နေသည့် ကိုခင်မောင်စိုးက ‘‘ကျွန်တော်တို့ ဂျပန်တစ်ပတ်ရစ်ကားတွေ ကြိုက်တဲ့သူကလည်း ကြိုက်တယ်။ ဒါပေမဲ့ တစ်ပတ်ရစ် ကားဈေးကွက်မှာ ကားတွေက ရှားလာပြီး ဈေးကွက်ပိတ်လိုက်တာလည်း ပါတယ်။ အဲဒါကြောင့် ဈေးကွက်ကအသစ်ဘက်ကို များ သွားတဲ့သဘောရှိတယ်’’ ဟုလတ် တလော ဈေးကွက်အခြေအနေကို ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီ(MIC)၏ ယာဉ်ထုတ် လုပ်တပ်ဆင်ခွင့်ပြုထားသည့် ကုမ္ပဏီ ၁၈ ခုရှိပြီး ၁၀ ခုလုပ် ငန်းလည်ပတ်နေပြီဖြစ်သည်။ ကျန်စက်ရုံရှစ်ခုသည် ၂၀၁၉ မကုန်မီ ယာဉ်ထုတ်လုပ်မည့်အ စီအစဉ်စတင်နိုင်မည်ဟု MAMDA က ဆိုသည်။

မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်သည့်ကုမ္ပဏီအများစု ၏ ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် မကြာမီမော်တော်ယာဉ်ဈေးနှုန်း များကျဆင်းလာမည်ဟု MADMA က ခန့်မှန်းသည်။ ပြည်တွင်း၌ ယာဉ်တပ်ဆင်ထုတ်လုပ်မှုတွင် ဂျပန်ကုမ္ပဏီ ဆူဇူကီး၊ နစ်ဆန်း၊ ကိုရီးယားကုမ္ပဏီများဖြစ်သည့် KIA, Hyundai, ဒေ၀ူးနှင့် အမေရိကန်ကုမ္ပဏီ ဖို့ဒ်အပါအ၀င် တရုတ်ကုမ္ပဏီများဝင်ရောက်လုပ်ကိုင်နေသည်။ နာမည်ကြီး ဂျပန်ကုမ္ပဏီတိုယိုတာကလည်း ၂၀၂၁  တွင် ပြည်တွင်း၌ CKD စနစ်ဖြင့် ယာဉ်ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

No comments:

Post a Comment