Monday, July 8, 2019

ကာတွန်းများကို ခွင့်ပြုချက်မယူဘဲသုံးပါက တရားစွဲမည်

ကာတွန်းများကို ခွင့်ပြုချက်မယူဘဲ ယူသုံးပါက တရား ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ဒုဥက္ကဋ္ဌ ဦးဝင်း အောင်က ပြောသည်။ ဇူလိုင် ၆ ရက်က ပန်းဆိုး တန်းတာဝါတွင် ပြုလုပ်သည့် ကာတွန်းအလွဲသုံးစားမှုလုပ်ခြင်းနှင့်မူပိုင်ခွင့်ချိုးဖောက်ခြင်းဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ကာ တွန်းဆရာ ဦးဝင်းအောင်က ထည့်သွင်းသတိပေးခြင်းဖြစ်သည်။



‘‘ကျွန်တော်တို့ ဖန်တီးထား တဲ့ ကာတွန်းတွေကို ခွင့်ပြုချက်မရဘဲ ယူသုံးတဲ့ ဂျာနယ်တွေရှိပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာကောင်စီကို တိုင်ကြားသွားမယ်။ ဥပဒေကြောင်းအရလည်း တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်’’ဟု ဒုဥက္ကဋ္ဌ ဦးဝင်း အောင်က ပြောသည်။

ကာတွန်းဆရာများ၏ ကာ တွန်းများကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲနေသည့် ဂျာနယ်များမှာ ဘူး လက်ဂျာနယ်နှင့် ရဲရဲတောက်ဂျာနယ်များဖြစ်သည်ဟု မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက ထုတ်ပြန်သည်။

‘‘ကာတွန်းဆရာတွေမသိဘဲ ဖော်ပြခံရတာကို သဘောမတူပါ ဘူး။ ကျွန်တော်တို့ ပါလို့ပါမှန်း တောင်မသိပါဘူး။ ဒါကြောင့် ကာတွန်းဆရာများအသင်းအနေနဲ့ ဒီကိစ္စကို သေချာတိုင်ပင်ပြီး တုံ့ပြန် သင့်ပါတယ်’’ဟု ကာတွန်းဆရာ ဦးနေမျိုးအေးက ပြောသည်။

ထို့အတူ ဖေ့စ်ဘွတ်ခ်စာ မျက်နှာများတွင်လည်း ကာတွန်း ဆရာများ၏ ခွင့်ပြုချက်ကိုမယူဘဲ ယူသုံးနေသည့် ကိစ္စများ ရှိနေ သောကြောင့် မြန်မာနိုင်ငံ ကာ တွန်းဆရာများအသင်းအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးရန် လို အပ်ကြောင်း ကာတွန်းဆရာ  ဖောင်းဖောင်းက ပြောသည်။ ‘‘ဒီလိုမျိုးကိစ္စတွေပေါ်လာ ရင် ကာတွန်းဆရာများအနေနဲ့ အသင်းကို ချက်ချင်းအကြောင်း ကြားပေးပါ။ အကြောင်းကြား တာနဲ့ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီးတော့ ဘာလုပ်သင့်လဲ ဆိုတာကို ပြတ်ပြတ်သားသား  လုပ်သွားမှာပါ’’ဟု ဦးဝင်းအောင်က ပြောသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးလက်ဂျာနယ်ထုတ်ဝေသူဦးလှဆွေကို ဆက် သွယ်မေးမြန်းရာတွင် ထုတ်ဝေသူတစ်ဦးဖြစ်သောကြောင့် အယ်ဒီတာချုပ်ထံသို့သာ ဆက်သွယ်မေးမြန်းရန်  ပြောဆိုသည်။

No comments:

Post a Comment