Monday, July 8, 2019

ကျောက်တန်းရွာပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဒဏ်ရာရသူတစ်ဦး နှစ်လအကြာတွင် ထပ်မံသေဆုံး

ရခိုင်လက်နက်ကိုင် အဖွဲ့(AA)နှင့် ပတ်သက်ပြီး သံသ ယရှိသည်ဟုဆိုကာ လူဦးရေ ၂၇၀ ကျော်ကို ထိန်းသိမ်းစစ် ဆေးစဉ် ပစ်ခတ်မှုဖြစ်ပွား၍ ဒဏ် ရာရသူတစ်ဦးသည် နှစ်လကျော် အကြာတွင် သေဆုံးခဲ့သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေက ပြောကြားသည်။  ရသေ့တောင်မြို့နယ်ကျောက် တန်းရွာစာသင်ကျောင်း၌ လူဦး ရေ ၂၇၀ ကျော်ကို ထိန်းသိမ်းစစ် ဆေးစဉ် မေလ ၂ရက်၌ ပစ်ခတ်မှု ဖြစ်ပွားရာ ခြောက်ဦးပွဲချင်းပြီး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရသူများအနက်  တစ်ဦးသည် ဆေးရုံ၌ ကုသမှုခံယူ စဉ်သေဆုံးခဲ့ပြီး ဇူလိုင် ၆ ရက်ညတွင် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံး ခြင်းဖြစ်သည်။



‘‘ကျောက်တန်းမှာ ရွာသား တွေကိုဖမ်းတုန်းက အဲဒီမှာ သူက လက်မောင်းကို ဒဏ်ရာရပြီး ဆေးရုံတက်နေတာ၊ ဆေးရုံတက် နေတာမှာနည်းနည်းနေကောင်းပြီ ဆိုပြီး ဆင်းလာတာ၊ အဲဒီဒဏ်ရာ က ပြန်ဖြစ်လို့ ခေါင်းတွေမူးပြီး နေမကောင်းဖြစ်လို့  ရသေ့တောင် ဆေးရုံကိုလာတယ်။ ဆေးရုံတက် တဲ့ ရက်အတိအကျမသိပေမယ့် မနေ့ကည ၈ နာရီမှာ ဆုံးသွား တယ်လို့ အကြောင်းကြားလာ တယ်’’ ဟု ဒေါ်ခင်စောဝေကပြော သည်။

လူဦးရေအများအပြားကို ထိန်းသိမ်းစစ်ဆေးခဲ့သည့် ကျောက်တန်းရွာဖြစ်စဉ်သည် နှစ် ပတ်ခန့်ကြာမြင့်ခဲ့သည်။ စစ်ဆေး မှုအတွင်း အပြစ်မရှိသူများကိုအ သုတ်လိုက်လွှတ်ပေးခဲ့ပြီး AA ဟု  ၀န်ခံသူ ခြောက်ဦးကိုလည်းဥပဒေ အရအရေးယူနိုင်ရန် ဆောင်ရွက် ခဲ့ကြောင်း တပ်မတော်တာဝန်ရှိ သူက ဖြေကြားခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားရခြင်း အ ကြောင်းရင်းမှာ ထိန်းသိမ်းထား သူများအနက် လူအုပ်စုတစ်ခုက လုံခြုံရေးတပ်ဖွဲ့ထံမှ လက်နက် လုရန်ကြိုးပမ်းမှုကြောင့်ဖြစ်သည်ဟု တပ်မတော်က ကနဦးသတင်းထုတ်ပြန်ခဲ့သည်။ ဒေသခံများကမူ စိတ်မနှံ့ သူတစ်ဦး၏အော်ဟစ်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိန်းသိမ်းစစ်ဆေးစဉ် ပစ် ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ သေဆုံး၊ ဒဏ်ရာရရှိမှုများပြားခဲ့ သည့် ကျောက်တန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်၏ လုပ်ရပ်အပေါ် ရခိုင်နိုင်ငံရေးပါတီတာဝန်ရှိသူများ အပါအ၀င် ရခိုင်လူမှုအသိုင်းအ၀ိုင်းကဝေဖန် ခဲ့သည်။

No comments:

Post a Comment