Monday, July 8, 2019

အမေရိကန်ကျောင်းသား ဝမ်ဘီယာ၏ မိဘများက သားဖြစ်သူ သေဆုံးမှုအတွက် နစ်နာကြေးအဖြစ် ဖမ်းဆီးခံ မြောက်ကိုရီးယားသင်္ဘ࿿ောကို ရရှိရန် ကြိုးပမ်း

အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာ သေဆုံးမှုအတွက် မြောက်ကိုရီးယားက လျော်ကြေးဒေါ်လာ သန်းနှင့်ချီ ပေးဆောင်ရန် အမေရိကန်တရားသူကြီးက ဆုံးဖြတ်ထားစဉ် ထိုလျော်ကြေးအားရရှိရန် ကြိုးပမ်းမှုအဖြစ် ဖမ်းဆီးခံထားရသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘ࿿ောတစ်စီးကို ပေးရန် ゞင်း၏ မိဘများက တောင်းဆိုခဲ့သည်။ ဝမ်ဘီယာ မတရားသဖြင့် သေဆုံးရသည့် အကြောင်းအရင်းကို အဖြေပေးရန် မြောက်ကိုရီးယားက ပျက်ကွက်ခဲ့သဖြင့်  ထိန်းချုပ်ထားသည့် မြောက်ကိုရီးယား၏ ပိုင်ဆိုင်မှုများကို ရရှိရန် ゞင်းတို့တွင် အခွင့်အရေးရှိသည်ဟု ဝမ်ဘီယာ၏မိဘများက ဇူလိုင်  ၃ ရက်တွင် နယူးယောက်ဖက်ဒရယ် တရားရုံးသို့ တင်ခဲ့သည့် အမှုတွဲစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ ဝမ်ဘီယာသည် ဟောင်ကောင်တွင် ပညာသင်ယူမည့် အစီအစဉ်မတိုင်မီ ဧည့်လမ်းညွှန်ပါဝင်သော ခရီးသွားအဖွဲ့ဖြင့် မြောက်ကိုရီးယားသို့ အလည်အပတ် သွားရောက်စဉ် ဖမ်းဆီးခံရပြီးနောက် အမေရိကန်သို့ ရောက်ရှိခဲ့ပြီး မကြာမီ သေဆုံးခဲ့သည်။



ゞင်းတို့၏ သားသည် ဝါဒဖြန့်ချိရေး ပိုစတာတစ်ခုကို ခိုးယူရန်ကြိုးစားခဲ့သည်ဟု စီရင်ချက်ချခံခဲ့ရပြီး လနှင့်ချီ ထောင်ဒဏ်ချမှတ်ခံရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟု ဝမ်ဘီယာ၏ မိဘများက ပြောကြားခဲ့သည်။


ဝမ်ဘီယာသည် ပြင်းထန်သည့် ဦးနှောက်ထိခိုက်မှုခံစားခဲ့ရသော်လည်း မည်ကဲ့သို့ဖြစ်ပွားခဲ့သည်ကို ဆရာဝန်များက မဆုံးဖြတ်နိုင်ခဲပေ။ အသက် ၂၂ နှစ်အရွယ်ရှိ ဝမ်ဘီယာသည် ၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယားမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ရက်အနည်းငယ်အကြာတွင် သေဆုံးခဲ့သည်။

“ဝမ်ဘီယာမိသားစုက သားဖြစ်သူသေဆုံးမှုအတွက် မြောက်ကိုရီးယားက တာဝန်ရှိတယ်လို့ အခိုင်အမာပြောကြားခဲ့တယ်။ မြောက်ကိုရီးယားပစ္စည်းတွေကို သိမ်းဆည်းဖို့ အင်တိုက်အားတိုက် ကြိုးပမ်းသွားမယ်လို့ဆိုတယ်” ဟု ဝမ်ဘီယာမိသားစု၏ ရှေ့နေ ဘန်ဟာ့ခ်ျက ပြောကြားခဲ့သည်။

ဝမ်ဘီယာသည် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟု ゞင်း၏ မိသားစုဝင်များက စွပ်စွဲခဲ့မှုကို မြောက်ကိုရီးယားက ပယ်ချခဲ့ပြီး ゞင်းအတွက် ဆေးဝါးကုသမှုများနှင့် မှန်ကန်သည့်  စောင့်ရှောက်မှုများ စီစဉ်ပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် မမှန်ကန်သည့် ဖြောင့်ချက်ရယူရန် ဝမ်ဘီယာကို  ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခဲ့ဖွယ်ရှိကြောင်း၊ ယင်းသို့ညှဉ်းပန်းနှိပ်စက်မှုအတွက်  မြောက်ကိုရီးယားက ဒေါ်လာ ၅၀၁ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း အမေရိကန် ခရိုင်တရားသူကြီး Beryl Howell က ပြီးခဲ့သည့်နှစ်တွင် အမိန့်ချမှတ်ခဲ့သည်။

ဝမ်ဘီယာ၏မိဘများက တောင်းဆိုခဲ့သည့် မြောက်ကိုရီးယားကုန်တင်သင်္ဘ࿿ောသည်  ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ပြီး ကျောက်မီးသွေးသယ်ဆောင်မှုအတွက် မေတွင် အမေရိကန်က သိမ်းဆည်းခဲ့သည့် သင်္ဘ࿿ောဖြစ်သည်။ ယင်းသင်္ဘ࿿ောသည် မြောက်ကိုရီးယား၏ ဒုတိယအကြီးဆုံး ကုန်တင်သင်္ဘ࿿ောလည်း ဖြစ်သည်။ မြောက်ကိုရီးယား၏ အကြီးဆုံး ကုန်တင်သင်္ဘ࿿ောသည် ကျောက်မီးသွေးပမာဏ အများအပြားကို သယ်ဆောင်ပို့ဆောင်စဉ်အတွင်း ၂၀၁၈ ခုနှစ်ဧပြီတွင် အင်ဒိုနီးရှားက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment