Monday, July 8, 2019

ဗဟိုဘဏ်က သုံးရက်အတွင်း ဒေါ်လာ ၁၀ သန်း ၀ယ်ယူ

ဗဟိုဘဏ်က ဇွန်လအတွင်း ကန်ဒေါ်လာ ၁၈ သန်းနှင့် ဇူလိုင်ပထမပတ်အတွင်း ဒေါ်လာ ၁၀ သန်း ၀ယ်ယူခဲ့ကြောင်း ထုတ်ပြန်သည်။ ဇူလိုင် ပထမပတ်အတွင်း ၀ယ်ယူရာတွင် တစ်ဒေါ်လာလျှင် ၁,၅၀၇ ကျပ်မှ ၁,၅၁၁ ကျပ်ဖြင့် ၀ယ်ယူခြင်းဖြစ်သည်။ေ ဒ်ါလာ ၁၀ သန်းကို ဇူလိုင် ၃ ရက်မှ ၅ ရက်အတွင်း ၀ယ်ယူ ခြင်းဖြစ်ပြီး  ဇူလိုင် ၁ ရက်နှင့် ၂ ရက်တွင် ၀ယ်ယူမှု မရှိခဲ့ဟု ဗဟို ဘဏ်က ထုတ်ပြန်ထားသည်။



ဇွန်လအတွင်း ဒေါ်လာ ၁၈ သန်းဝယ်ယူမှုသည် ကိုးရက်အ တွင်း ၀ယ်ယူခြင်းဖြစ်ပြီး အများဆုံးဝယ်ယူသည့် ရက်မှာ ဇွန်လ ၂၈ ရက်ဖြစ်ကာ  တစ်ရက်တည်း  ဒေါ်လာ လေးသန်းကျော် ၀ယ်ယူခဲ့ သည်။

‘‘ဘဏ်အချင်းချင်းမှာ ဈေး ကွက်မရောင်းရရင် ဗဟိုဘဏ်က ၀ယ်ပေးရတာမျိုးပါ။ သီးသန့် လိုက်စုနေတာ မဟုတ်ပါ’’ဟု ဗဟိုဘဏ်အရာရှိတစ်ဦးက ပြောသည်။

ဇူလိုင် ၅ ရက်တွင် ပြည် တွင်းငွေကြေး ဈေးကွက်၌ တစ် ဒေါ်လာလျှင် ၁,၄၉၅ ကျပ်ပေါက် ဈေးရှိပြီး ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းက တစ်ဒေါ်လာ ၁,၅၀၄ ကျပ် သတ်မှတ်ခဲ့သည်။ ဇူလိုင် ၄ ရက်တွင် တစ်ဒေါ်လာ လျှင် ကျပ် ၁,၅၀၀ အထိ ကျဆင်း ပြီး ညနေတွင် ၁,၅၀၅ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကလည်း ၁,၅၀၆ ကျပ် ရှိသည်။

၂၀၁၉ သင်္ကြန်ပွဲတော်အပြီး ရက်ပိုင်းအတွင်း ဒေါ်လာတန်ဖိုး အနိမ့်ဆုံး ကျပ် ၁,၄၉၀ ခန့်သို့ ပထမအကြိမ် ကျပြီးနောက် ကျပ် ၁,၅၄၀ ခန့်သို့ ပြန်လည်မြင့်တက် ခဲ့သည်။

ဗဟိုဘဏ်၏ ဒေါ်လာရည် ညွှန်းဈေးသည် ဇွန်လလယ်တွင် ကျပ်၁,၅၃၀ ကျော်အထိ မြင့်တက်ခဲ့ပြီး တဖြည်းဖြည်းပြန်လည် ကျ ဆင်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဗဟိုဘဏ်က ဇူလိုင် လဆန်းတွင် အစိုးရငွေတိုက် လက်မှတ် ကျပ်ဘီလီယံ ၄၀၀ ကိုလည်း ရောင်းချခဲ့ကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment