Monday, July 8, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

Image may contain: 4 people, indoor၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင် ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။


တက်ရောက်
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်း နွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း(အငြိမ်းစား)၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

အမှန်တကယ်တတ်မြောက်ကြရန် လို

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ နိုင်ငံတော်တွင် လိုအပ်နေသည့် နည်းပညာနှင့် လူသားစွမ်းရည်အရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများဆိုသည့် ပညာရေးစတုဂံ အားကောင်းရန်လိုကြောင်း၊ ကျောင်းသားက ပညာကိုတတ်အောင်ကြိုးစားသင်ယူ၊ ဆရာများကပညာကို တတ်မြောက်အောင် သင်ကြားပေး၊ မိဘများက သားသမီးများအတွက် ပညာရေးကို အားပေး၊ အုပ်ချုပ်ရေး တာဝန်ရှိသူများက ရုပ်ဝတ္ထုများနှင့် သင်ထောက်ကူပစ္စည်း များအပါအဝင် အေးချမ်း၊ လုံခြုံ၊ ပျော်ရွှင်စွာဖြင့် ပြည့်စုံသည့် သင်ကြားရေး ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးပြီး ဝိုင်းဝန်းကူညီ အထောက်အကူပေးကြခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ၏ ပညာရေး ကဏ္ဍသည် တိုးတက်လာမည်ဖြစ် ကြောင်း၊ ပညာရေးစနစ်များ မည်သို့ ပင် ပြောင်းလဲသင်ကြားသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သတ်မှတ်ထားသည့် အတန်း လိုက် ပညာရပ်များအား အမှန်တကယ် တတ်မြောက်ကြရန် လိုကြောင်း ပြောကြားသည်။

ဘောင်အကန့်အသတ်မရှိ နက်ရှိုင်းကျယ်ပြန့်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင် ပေါကြွယ်ဝ သည်ဖြစ်စေ လူသားအရင်းအမြစ် ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာဆောင်ရွက်နိုင်မည် မဟုတ် ကြောင်း၊ ထို့ကြောင့် ယနေ့ က္ဘာ့နိုင်ငံ အသီးသီးတွင် လူသားအရင်းအမြစ် ပေါကြွယ်ဝစေရန်အတွက်မျိုးဆက်သစ် လူငယ်များကို ပညာရေးကဏ္ဍ အထူး မြှင့်တင် ဆောင်ရွက်ပေးနေကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ယနေ့ လူငယ် များဖြစ်သည့် မောင်မယ်တို့သည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော် ကြမည့် မျိုးဆက်သစ်များဖြစ်ကြောင်း၊ အခြေခံပညာများကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မောင်မယ်တို့သည် အဆင့်မြင့်ပညာများကို ဆက်လက် သင်ယူကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့် ပညာများကို သင်ယူကြသည့် အခါတွင် လည်း မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယ ဖြင့် ဆက်လက်သင်ယူကြရန်၊ မိမိ တို့၏ ဘာသာရပ်သင်ရိုးòန်းတမ်းများ အပြင် အထွေထွေဗဟုသုတများကိုလည်း ဆက်စပ်လေ့လာကြရန်လိုအပ်ကြောင်း၊ ပညာဆိုသည်မှာ ဘောင်အကန့်အသတ် မရှိ နက်ရှိုင်းကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် မိမိ၏ကာယ၊ ဉာဏစွမ်းအား အပေါ်မူတည်ပြီး ထူးချွန်ထက်မြက်မည် ဖြစ်ကြောင်း၊ ပညာတတ်ချင်းတူလျှင် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေသူ က သာလွန်သည်ကို အစဉ်သတိချပ်ရန် လိုသည်ကို မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဆန်းဦးက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည် များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ ဘက်စုံထူးချွန် လူငယ်များ၊ နိုင်ငံတော်အဆင့်ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ဆုရရှိသူများ နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ခံရသော ကျောင်းသား၊ ကျောင်းသူများ၏ ထူးချွန် ဆုရရှိမှု၊ ဂုဏ်ပြုဆုချီးမြှင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သှူဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း၊ တပ်မတော်ပညာ ရေးကျောင်းများမှ ၂၀၁၈-၂၀၁၉ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံးပထမဆုရရှိ သော အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်း(မင်္ဂလာဒုံ) အောင်ဆန်း သူရိယလှသောင်းကျောင်း၊ ဒုတိယဆုရရှိ သည့် အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)၊ တတိယဆုရရှိသည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(သိန်းနီ)တို့မှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိများအားလည်းကောင်း၊ အောင်ချက် အကောင်းဆုံးပထမဆုရရှိ သော အမှတ်(၃) တပ်မတော်ပညာရေးကျောင်း(အောင်ပန်း)၊ ဒုတိယဆုရရှိသည့် အမှတ်(၂) တပ်မတော် ပညာရေး ကျောင်း(မိတ္ထီလာ)၊ တတိယဆုရရှိသည့် အမှတ်(၆) တပ်မတော်ပညာရေးကျောင်း (မော်လမြိုင်)တို့မှ ကျောင်းအုပ်ကြီးများ အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များအား လည်းကောင်း၊ တပ်မတော် အခြေခံပညာ အထက်တန်းကျောင်း ၂၆ ကျောင်းနှင့် တပ်မတော်ပညာရေး ကျောင်း ကိုးကျောင်းအတွက် ငွေသားဆု များကို တာဝန်ရှိသူများအား လည်း ကောင်း ပေးအပ်သည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ဆက်လက်၍ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်က ၂၀၁၈-၂၀၁၉ ပညာသင် နှစ် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူး ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများနှင့် အခြေခံပညာ စတုတ္ထတန်း အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ပထမဆုရရှိသော မဆုလင်းထက်တို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသူများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်သည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက (၆)ဘာသာဂုဏ်ထူး ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားများအား လည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်က (၆)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူများအား လည်းကောင်း ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

အဝေးရောက်ချီးမြှင့်

ယနေ့ကျင်းပပြုလုပ်သော ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ဖြစ်သည့် တပ်မတော် အခြေခံပညာ အထက်တန်းကျောင်း သုံးကျောင်း၊ တပ်မတော်ပညာရေးကျောင်း သုံးကျောင်း၊ (၁)ဘာသာနှင့် (၂)ဘာသာဂုဏ်ထူး ရရှိခဲ့သူစစ်သည် ၃၂ ဦး၊ တပ်မတော် သား မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများနှင့် စစ်သည် အစားခန့် အရပ်သား အမှုထမ်းများ၏ သားသမီးများဖြစ်သော (၆)ဘာသာ ဂုဏ်ထူးရှင် ၃၈ ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် ၇၂ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် ၈၈ ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် ၁၀၆ ဦး၊ နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၆ ဦးကို လည်းကောင်း၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲဆုရရှိသူ ငါးဦး၊ အဆင့်မြင့်ပညာအဆင့် အသက် မွေးဝမ်းကျောင်းတက္ကသိုလ် ပညာသင် ဆုရရှိသော တပ်မတော်သားမိသားစုဝင် များနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီး ၈၃ ဦး စုစုပေါင်း ၄၆၀ တို့အား ဂုဏ်ပြုရွှေပြားဆု၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ခဲ့သည်။ ထို့အတူပညာဒါနစေတနာရှင်အလှူရှင်များမှ လှူဒါန်းငွေများဖြင့် တပ်မတော်သား မိသားစုဝင်သားသမီး များ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများမှ (၁)ဘာသာ ဂုဏ်ထူး ရရှိသူ ၆၉၃ ဦးနှင့် (၂) ဘာသာဂုဏ်ထူး ရရှိသူ ၂၀၇ ဦး စုစုပေါင်း ၉၀၀ တို့အား ဂုဏ်ထူး (၁)ဘာသာလျှင် ဂုဏ်ပြု ငွေ ၁၁၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း အဝေးရောက်ချီးမြှင့်ခဲ့သည်။

ပြည်ပလေ့လာရေးခရီး စီစဉ်ဆောင်ရွက်

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန် စွာ အောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီး များ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများနှင့် စစ်သည်အစားခန့် အရပ်သား အမှုထမ်းများ၏ သားသမီး များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာ ယခု အကြိမ်သည် အဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း (၆) ဘာသာဂုဏ်ထူးရှင် ၃၁၆ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၆၄၆ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ၁၀၃၈ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၁၉၅ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁၅၆၃ ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် ၅၄၀၃ ဦးတို့ အား ဂုဏ်ပြုရွှေသားဆုနှင့် ငွေသားဆု များ ချီးမြှင့်ပေးခဲ့သည်။ ထို့ပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ အဆင့်မြင့် ပညာအဆင့် အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်ပညာသင်ဆုများကို လည်း ချီးမြှင့်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၇၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၈၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၈၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၈၄ ဦးနှင့် ယခုနှစ်တွင် ၈၃ ဦး ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း ၄၈၈ ဦးအား လစဉ်ချီးမြှင့်ထောက်ပံ့ငွေ များ ပေးအပ်လျက်ရှိကြောင်းနှင့် ဆုရရှိ သူများအနက် ထူးချွန်စစ်သည်များနှင့် ဘက်စုံထူးချွန်လူငယ်များကို ၂၀၁၃ ခုနှစ် မှ စတင်၍ ပြည်ပနိုင်ငံများသို့ လေ့လာရေး ခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ပြီး ယခု နှစ်တွင်လည်း ထပ်မံ၍ ပြည်ပလေ့လာ ရေးခရီး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

No comments:

Post a Comment