Monday, July 8, 2019

ဆေးဝါးပြတ်လပ်မှုနှင့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် လိုက်ဘေးရီးယား ဆေးရုံများ

လိုက်ဘေးရီးယား၏ Phebe ဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်၌ အမျိုးသမီးငယ်တစ်ဦး လဲလျောင်းနေသည်။ သူ့အတွက် လိုအပ်သောဆေးကို မိခင်ဖြစ်သူက ယူလာချိန်တွင် ဆရာဝန်က ခေါင်း ခါလိုက်သည်။ “လူနာတွေ ရောက်လာချိန်မှာ မိသားစုဝင်တွေ ဆေးထွက်ဝယ်ဖို့ ကျွန်တော်တို့က ခိုင်းရပါတယ်။ တစ်ခါတလေ သူတို့ပြန်လာတဲ့အချိန်မှာ လူနာတွေက သေသွားပါပြီ” ဟု ဆေးရုံ၏ ဒါရိုက်တာ ဆရာဝန် ဂျက်ဖာဆင်ဆစ်ဘလေ က ငြီးတွားခဲ့သည်။ြ ပည်တွင်းစစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ပြီးနောက် ၂၀၁၄-၂၀၁၆ တွင် နိုင်ငံသမိုင်း၌ အဆိုးရွားဆုံး အီဘိုလာ အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသော လိုက်ဘေးရီးယား ကျန်းမာရေးကဏ္ဍဍသည် လဲပြိုနေပြီဖြစ်သည်။



ပျက်စီးနေသော အခြေခံ အဆောက်အအုံက ဆေးဝါး၊ ကုတင်၊ ကိရိယာ၊ လူနာတင်ယာဉ် စသည့် အရာရာကို ပျက်စီးစေခဲ့သည်။ ထို့ ပြင် ယုံကြည်စိတ်ချရသော လျှပ်စစ်မီးကိုပင် မရရှိနိုင်တော့ပေ။ အလယ်ပိုင်းဘောင်ကောင်တီတွင်ရှိသော Phebe ဆေးရုံသည် လိုက်ဘေးရီးယားတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး ကုတင် ၂၀ဝ ရှိ ဆေး ရုံဖြစ်သည်။ ပြတ်တောက်မှုများ ဆိုးဆိုးရွားရွား ရှိနေသည့်တိုင် Phebe ဆေးရုံသည် လစဉ် လူနာ ၂၅၀ဝ ထက်မနည်းကို ကုသပေးနေဆဲဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားဆေးဝါးဝန်ဆောင်မှုဌာနတို့မှ အထောက်အပံ့များ ရရှိလိမ့်မည်ဟု ယူဆခဲ့သော်လည်း မရရှိသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း ဆစ်ဘလေက ပြောကြားခဲ့သည်။ အထူးကြပ်မတ် ကုသဆောင်တွင် သေဆုံးခဲ့သော အမျိုးသမီးသည် ငှက်ဖျားရောဂါကြောင့်ဖြစ်ပြီး သူ၏ အသက်မှာ ၂၅ နှစ်ဖြစ်သည်။

လိုက်ဘေးရီးယားသည် လူတစ်ဦးချင်းအတွက် တစ်နှစ်လျှင် ကျန်းမာရေးအသုံးစရိတ် ဒေါ်လာ ၁၀ဝ ခန့် သုံးစွဲပြီး ကမ္ဘာတွင် အနိမ့်ဆုံး စာရင်းဝင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ လူဦးရေ ၄.၇ သန်းခန့်သာရှိသော လိုက်ဘေးရီးယားတွင် လူတစ်သိန်းလျှင် ခရိုင်ဆေးရုံတစ်ရုံ အချိုးအောက်သာ ရှိသည်။ နောက်ဆုံးရရှိသော စာရင်းအင်းများအရ ၂၀၁၀ ပြည့် နှစ်တွင် လူ ၁၀ဝ၀ဝ လျှင် ဆေးရုံ ကုတင်ရှစ်လုံးသာ အချိုးအစားရှိ နေကြောင်း သိရသည်။

Phebe ဆေးရုံမှ ၁၉ မိုင်အကွာရှိ ရယ်နီပယ်လေတာကျေးရွာတွင် ရက်ဂီနာခိုလီ၊ ၄၅ နှစ်သည် သူ၏ သားသမီးငါးဦးအနက် အငယ်ဆုံး လေးနှစ်သမီးငယ်ကို အဖျားကျရန်အတွက် ကြိုးပမ်းနေသည်။ ကျေးရွာရှိ အခြားသူများကဲ့သို့ပင် ရက်ဂီနာသည် တိုင်းရင်းဆေးအကူအညီကို ရယူခဲ့ပြီး သမီး ဖြစ်သူအတွက် သစ်ရွက်များ လိုက် စုနေခဲ့သည်။ သို့သော်လည်း ထိုကုသမှုက အလုပ်မဖြစ်ဘဲ ကလေး၏ အဖျားမှာ ရက်ချီကြာမြင့်လာခဲ့ သည်။ ဆေးရုံသို့သွားရန်ကလည်း ရွေးချယ်စရာတစ်ခု မဟုတ်ပေ။

“သမီးကို Phebe ခေါ်သွားဖို့ ကျွန်မမှာ ပိုက်ဆံမရှိပါဘူး။ ဒီလို ဖြစ်စဉ်မျိုးဆိုရင် လူနာတင်ယာဉ်တွေ အကူအညီပေးလေ့ရှိပေမယ့် ကျွန်မတို့ လူနာတင်ယာဉ်ကို ထပ်ရဖို့မမြင်ပါဘူး” ဟု ရက်ဂီနာက ငို၍ပြောကြားခဲ့သည်။ လူနာတင်ယာဉ်နှစ်စီး ပျက်စီးခဲ့ပြီဖြစ်ကြောင်း ဆရာဝန် ဆစ်ဘလေက အတည် ပြုခဲ့သည်။

“အဲဒီလူနာတင်ယာဉ်တွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးတွေ၊ ကျေးရွာတွေက ဖျားနာနေသူတွေကို ကျွန်တော်တို့ဆီ ခေါ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အရေးပေါ်အခြေအနေ ကြုံခဲ့ရင် ဘုရားသခင်ရဲ့ ကရုဏာတော်ကပဲ ကူညီနိုင်ပါတော့တယ်” ဟု ဆစ်ဘလေက ပြောကြားခဲ့သည်။

ပြဿနာများစွာ ရှိသော်လည်း အဓိကပြဿနာမှာ ဆေးရုံအတွက် ရန်ပုံငွေမရရှိခြင်းဖြစ်ကြောင်း ဆစ်ဘလေက ပြောကြားခဲ့သည်။ ဆေးရုံသည် ဆေးဝါးအတွက်၊ လောင်စာအတွက် အကြွေးများ ယူခဲ့ရပြီး အကြွေးမပေးနိုင်တော့သောကြောင့် ပစ္စည်းပေးသွင်းသူများက ဆက်လက်ထောက်ပံ့ရန် ငြင်းဆန်ကြကြောင်း၊ Phebe ဆေးရုံသည် အကြွေးဒေါ်လာ  ၃၀ဝ၀ဝ၀ ခန့် ရှိ ကြောင်း ဆစ်ဘလေက ပြောကြားခဲ့သည်။ ဆေးရုံ၏ လျှပ်စစ်ဓာတ်အားသည် မကြာခဏပြတ်တောက်ပြီး ညဘက်တွင် အမှောင်ထဲ၌ နေရကြောင်း၊ တစ်ဦးတည်းသော ခွဲစိတ်ဆရာဝန်ကြီးက မီးအိမ်နှင့် ခွဲစိတ်နေရကြောင်း သိရသည်။

ဆေးဝါးပြတ်လပ်မှုကလည်း လိုက်ဘေးရီးယား၏ အကြီးဆုံး ကျန်းမာရေးအဆောက်အအုံဖြစ်သော ဂျွန်အက်ဖ်ကနေဒီ ဆေးရုံကို ထိခိုက်စေနေကြောင်း ထိုဆေးရုံ၏ ဒါရိုက်တာ ဂျယ်ရီဘရောင်းက ပြောကြားခဲ့သည်။

“ပြည်တွင်းမှာ ရှာလို့မရနိုင်တဲ့ ဆေးတွေရှိပါတယ်။ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် နိုင်ငံ ပြင်ပက ဆေးဝါးကုမ္ပဏီတွေဆီကနေ ကျွန်တော်တို့ ဆေးယူလို့မရပါဘူး” ဟု ဘရောင်းက ပြောခဲ့သည်။မြို့တော်မွန်ရိုးဗီးယားမှ ထိုဆေးရုံသည် ကျန်းမာရေးဝန်ကြီး၊ ဘဏ္ဍဍာရေးဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး ဆေးကုမ္ပဏီများထံမှ ဆေးဝါးများ တိုက်ရိုက်ဝယ်ယူရန် စီစဉ်နေသည်ဟု ဘရောင်းက ပြောခဲ့သည်။

ဆေးရုံများသည် ဆေးဝါးများနှင့် လောင်စာကို အကြွေးရယူခဲ့သောကြောင့် အကြွေးအမြောက်အမြား တင်နေခဲ့ကြောင်း၊ ထိုပြဿနာသည် ယခင်အစိုးရထံမှ ကျန်ရစ်ခဲ့သည့်ပြဿနာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဝေဟယ်မီနာဂျာလာ က ပြောကြားခဲ့သည်။ ပစ္စည်းရောင်းသူများက အကြွေးမပေးလိုသောကြောင့် အချို့အကြွေးများ ရှင်းပြီးမှ ကြွေးထပ်ယူနိုင်မည်ဖြစ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။ မကြာမီ ဆေးဝါးကွန်တိန်နာရှစ်လုံးခန့် ရရှိခဲ့ပြီး ပြတ်လပ်မှုများ သက်သာစေမည်ဟု ゞင်းက ဆိုသည်။

No comments:

Post a Comment