Monday, July 8, 2019

သင်္ဃ္န်းကျွန်းမြို့နယ်တွင် အငှားယာဉ်ငှားစီးသူ၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်း လုယက်ခဲ့သည့် ယာဉ်မောင်းပါလေးဦးအား ဖမ်းဆီးရမိ

သင်္ဃ္န်းကျွန်းမြို့နယ်တွင် အငှားယာဉ်ငှားစီးသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်း လုယက်ခဲ့သည့် ယာဉ်မောင်းပါလေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းသို့ အငှားယာဉ်ငှားစီးသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့်လက်ကိုင် ဖုန်း လုယက်သွားသူလေးဦးမှာ ဒဂုံတောင်မြို့နယ် ၆၅ ရပ်ကွက်နေ ဇေယျာမျိုးမောင် (၂၅ နှစ်)၊ ၂၃ ရပ် ကွက်နေ အတာ(ခ)ဘိုဖုချို(၁၈ နှစ်)၊ ၂၆ ရပ်ကွက်နေ တိုးတိုးအောင် (ခ) တိုးကြီး(၂၆ နှစ်)နှင့် မျိုးသက်(၂၇ နှစ်) တို့ဖြစ်ကြောင်း သိရသည်။



တောင်ဥက္ကလာပမြို့နယ်နေ  ကို.... (၃၅ နှစ်)မှာ ဇူလိုင် ၂ ရက် နံနက် ၂  နာရီခန့် တွင် နေအိမ်သို့ပြန်ရန်အတွက် အငှားယာဉ်တစ်စီးကို ကျပ် ၂၀ဝ၀ ဖြင့် ငှားစီးခဲ့ကြောင်း၊ ယင်းသို့ငှားစီးချိန်တွင် ယာဉ်မောင်းတစ်ဦး၊ ယာဉ်မောင်းနံဘေးထိုင်ခုံတွင် လူငယ်တစ်ဦးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းနောက် သင်္ဃ္န်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးရှေ့အရောက်တွင် နောက်ခန်းနှင့် တစ်ဆက်တည်းရှိ ယာဉ်နောက်ဖုံးအတွင်းမှ ပုန်း၍လိုက်ပါသူ လူငယ်နှစ်ဦးက ကို...(၃၅ နှစ်) ၏ လည်ပင်းကို နောက်မှ ဓားမြှောင်ဖြင့်ထောက်၍ ပစ္စည်းများထုတ်ပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ခြိမ်းခြောက်ပြောဆိုသဖြင့် ကို...(၃၅ နှစ်) မှာ ဘောင်းဘီအိတ်အတွင်းမှ ကျပ် သုံးသိန်း ထုတ်ပေးခဲ့ပြီးနောက်တွင် ဓားထောက်သည့် လူငယ်နှစ်ဦးက ဖုန်းနှင့် နာရီပေးရန် ထပ်မံပြောဆိုသဖြင့် Samsung S3 Gear အမျိုးအစားနာရီနှင့် Samsung S9 အမျိုးအစားလက်ကိုင်ဖုန်းကို ပေးခဲ့ရကြောင်း သိရသည်။

ယင်းနောက် ကို...(၃၅ နှစ်) အား ယာဉ်မောင်းက သင်္ဃ္န်းကျွန်းမြို့နယ် သုဝဏ္ဏ ကြီးပွားရေးရပ်ကွက် ပန်းဈေးတန်းမရောက်မီ လမ်းဘေးတွင် ယာဉ်ပေါ်မှတွန်းချပြီး ゞင်းတို့က ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှ ကျုးလွန်သူလေးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သုဝဏ္ဏနယ် မြေရဲစခန်းက (ပ ) ၅၇၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂^၁၁၄ ဖြင့် အမှုဖွင့်၍ ဆက်လက်စစ်ဆေးနေသည်။

No comments:

Post a Comment