Monday, July 8, 2019

မန္တလေးတောင်ခြေအနီး ရုပ်သေးပြဇာတ်ရုံအသစ် ဖွင့်လှစ်

ရုပ်သေးပညာရပ်ဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြု လုပ်နိုင်မည့် မြန်မာ မာရီယိုနက် သီရေတာ ရုပ်သေးပြဇာတ်ရုံအ သစ်ကို မန္တလေးတောင်ခြေအနီး တွင် ဖွင့်လှစ်ကြောင်း မြန်မာနိုင်ငံရုပ်သေးကော်မတီဥက္ကဋ္ဌ ဒေါ်မမနိုင်က ပြောသည်။ ‘‘ဒီနေရာအသစ်က အ ဟောင်းထက် ပိုကျယ်တဲ့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ပြု လုပ်တာအပြင် နိုင်ငံတကာ ရုပ် သေး အလုပ်ရုံဆွေးနွေးပွဲလိုဟာ မျိုးတွေကိုပါ လက်ခံပြီးတော့ လည်း လုပ်လို့ရသွားမယ်’’ဟု ဒေါ်မမနိုင်ကပြောသည်။



အဆိုပါ ရုပ်သေးပြဇာတ်ရုံ သစ်သည် မန္တလေးတောင်ခြေအနီး ၁၀ လမ်းတွင် တည်ရှိပြီး ရုပ်သေးပြဇာတ် ဖျော်ဖြေမှုများအ ပြင်၊ ရုပ်သေးရုပ်များ ပန်းပုထု လုပ်ခြင်းနှင့် ရွှေချည်ထိုးဆင်ခြင်း လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လေ့လာနိုင်စေရန် ပြသမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘အရင်တုန်းကတော့ နေရာ က ကျဉ်းသလို စင်လေးက ငုတ် စိလေးဆိုတော့ ဖျော်ဖြေရေးလုပ် တဲ့အခါမှာတောင် လူတွေ အချင်းချင်း တိုက်မိနေတယ်။ ခုကတော့ စင်လည်း ပိုကျယ်သွားတယ်။ လူ၇၃ ဦးအထိ ကြည့်နိုင်အောင် စီစဉ်ပေးထားတယ်။ အရင်တုန်းက တော့ ၆၂ ယောက်ပဲ ဆံ့တာပေါ့။အများကြီးတော့ မလာကြပါဘူး’’ ဟု ဒေါ်မမနိုင်ကပြောသည်။ အဆိုပါ ရုပ်သေးပြဇာတ်ရုံတွင် နိုင်ငံခြားသားများ လာရောက်လေ့လာကြည့်ရှုပါက ကျပ် ၁၅,၀၀၀ ကောက်ခံမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ လာရောက်ကြည့်ရှုပါက ငွေကြေးကောက်ခံခြင်းမရှိဘဲ အခမဲ့ကြည့်ရှုခွင့်ပေးထားကြောင်း ၎င်းကပြောကြားသည်။

No comments:

Post a Comment