Monday, July 8, 2019

အချုပ်အခြာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် ထိပါးသည့် ကိစ္စမှန်သမျှ လုံးဝလက်မခံဟု အစိုးရပြော

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်းသင့် သည်ဟူ၍ အမေရိကန်အောက် လွှတ်တော်အမတ်တစ်ဦး၏ ပြော ကြားချက်နှင့်ပတ်သက်၍ နိုင်ငံ ၏ အချုပ်အခြာအာဏာအပေါ် ထိခိုက်လာနိုင်မည့် ကိစ္စရပ်မှန်သ မျှကို လက်ခံမည်မဟုတ်ဘဲ အစိုး ရအနေဖြင့် အဆိုပါမူအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။  ‘‘အစိုးရရဲ့ တရားဝင် ရပ် တည်ချက် သဘောထားကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အ ခြာပိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊  ဒီအပေါ်မှာ ထိပါးလာနိုင်တဲ့ဟာ တွေ၊ ထိခိုက်လာနိုင်တဲ့ဟာတွေ မှန်သမျှ လုံးဝလက်မခံပါဘူး။ အစိုးရအနေနဲ့ ဒီအတိုင်းပဲ ရပ် တည်မှာဖြစ်ပါတယ်’’ဟု ဦးဇော် ဌေးကဆိုသည်။



ဇွန်လ ၁၃ ရက်က အမေရိ ကန်အောက်လွှတ်တော်၌ တောင် အာရှဒေသအတွက် ဘတ်ဂျက် အသုံးစရိတ်ဆိုင်ရာ ကြားနာမှု တွင် လွှတ်တော်အမတ် Mr. Brad Sherman က မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ပြောကြားသည့် အပေါ် ဇူလိုင် ၅ ရက်က နေပြည် တော်ရှိ သမ္မတရုံးအိမ်တော်၌ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာများက မေးမြန်းရာ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန် အောက်လွှတ် တော်အမတ်၏ ပြောကြားချက် နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာ များတွင် ပျံ့နှံ့နေပြီး မြန်မာနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် နေထိုင်သော ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ)များအ တွက် အစိုးရကောင်းတစ်ရပ်အ ဖြစ် စိတ်ဆန္ဒမရှိ၊ တာဝန်ယူနိုင် ခြင်းမရှိပါက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်း ပေးသင့်ကြောင်း စသည့်အချက် များ ပြောကြားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အောက်လွှတ်တော် အမတ်၏ ပြောကြားချက်သာဖြစ်ပြီး အစိုးရ ပြောကြားချက် မဟုတ်ကြောင်း ဦးဇော်ဌေးကဆိုသည်။

‘‘အဲဒီဆွေးနွေးပွဲက ဘာလဲ ဆိုတော့ အမေရိကန် State Department မှာ ပြုလုပ်တဲ့ တောင်အာရှနဲ့ ဗဟိုအာရှနဲ့ပတ်သက်ပြီးတော့ ပေါ်လစီတွေဆွဲတဲ့ ပွဲဖြစ်ပါတယ်။ အဲဒီမှာတော့ အမေရိကန်နိုင်ငံရဲ့ တောင်အာရှနဲ့ ဗဟိုအာရှဆိုင်ရာ ယာယီလက် ထောက်နိုင်ငံခြားရေးဝန်ကြီးပြော သွားတဲ့ဟာမှာ အဓိကပါပါတယ်။ သူပြောသွားတာလေး ပြန်ဖတ်ပြ ပါ့မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို ထောက်ခံခြင်း ဟာ အမေရိကန်အစိုးရရဲ့ ရပ် တည်ချက်ဖြစ်ပါတယ်ဆိုပြီးတော့ ပြန်ရှင်းပါတယ်။ ဒါကတော့ အမေရိကန်အစိုးရရဲ့ သဘော ထားကို အဲဒီမှာ ပြောတာဖြစ် တယ်’’ဟု ဦးဇော်ဌေးက ဆက် လက်ပြောကြားသည်။

ထို့အပြင် ယင်းအမတ်၏ ပြောကြားချက်များသည် ချဲ့ကား ရေးသားထားသော သတင်းအ ချက်အလက်များအပေါ် အခြေခံ ပြောကြားခြင်းဖြစ်သည်ဟု ယူဆ ကြောင်း ဦးဇော်ဌေးက ဖြည့်စွက် ပြောကြားသည်။ ယင်းသို့ အမေရိကန်လွှတ် တော်အမတ်၏ ပြောကြားချက် နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့် ကွက်ကြောင်း သဘောထားထုတ် ပြန်ထားသည်။

No comments:

Post a Comment