Monday, July 8, 2019

ကဏ္ဍငါးခုတွင် အောက်တိုဘာ ၁ ရက်ကစ၍ ယူနီကုတ်စနစ် အသုံးပြုရမည်

 ဆက်သွယ်ရေးအော် ပရေတာများ၊ ဟန်းဆက်ထုတ် လုပ်တင်သွင်းသူများ၊ ဆားဗစ် စင်တာများ၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် Content  Providers များသည် အောက်တို  ဘာ ၁ ရက်ကစ၍ ယူနီကုတ် မြန်မာစာစနစ်ကို စတင်အသုံးပြုရ မည်ဟု မြန်မာနိုင်ငံကွန်ပျူတာအ သင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်ကပြောသည်။ e Government ဦးဆောင် ကော်မတီ၏ လမ်းညွှန်ချက်အရ အစိုးရအဖွဲ့အစည်းများတွင် ယူနီ ကုတ်စံသတ်မှတ်ချက်နှင့် ကိုက် ညီသည့် ပြည်ထောင်စုဖောင့်ကို ဧပြီလ ၁ ရက်က စတင်၍ ရုံးတွင်း လုပ်ငန်းစဉ်များ၌ ပြောင်းလဲအသုံးပြုရာ ရာနှုန်းပြည့် အောင်မြင်ခဲ့သည်ဟု ၎င်းကပြောသည်။



အောက်တိုဘာလ ၁ ရက် တွင် ပြည်သူလူထုနှင့် တိုက်ရိုက် ပတ်သက် ဆက်နွှယ်နေသည့် ကဏ္ဍငါးခု၏ ဒစ်ဂျစ်တယ်သုံး မြန်မာစာသည် ယူနီကုတ်စနစ်အ ဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဒစ်ဂျစ် တယ်သုံး မြန်မာစာစနစ်တွင် ယူနီကုတ်စနစ်ကို ကြိုတင်ပြောင်း လဲလေ့လာထားပါက အပြောင်း အလဲကို အဆင်ပြေစွာကျော်လွှား နိုင်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းသူရသက်က ပြောသည်။ ၂၀၁၉ ဇန်န၀ါရီတွင် ကျင်း ပသည့် e Government  ဦးဆောင်ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဧပြီ ၁ ရက်က စတင်၍ ၀န်ကြီးဌာနအားလုံး ယူနီကုတ်မြန်မာစာစနစ်ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ပြီး ပြည်သူများက အောက်တိုဘာ ၁ ရက်က စတင်ကာ ယူနီကုတ်မြန်မာစာစနစ်ကို ပြောင်းလဲအသုံးပြုရမည်ဟု သတင်းအချက်အလက် နည်း ပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးကပြောသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး တွင် ဒစ်ဂျစ်တယ်သုံး ဘာသာစကားကို ယူနီကုတ်စနစ်ဖြင့် ပြောင်းလဲ အသုံးပြုနေကြောင်း၊ နောက်ဆုံး ပြောင်းလဲအသုံးပြုခဲ့သည့် နိုင်ငံသည် ကမ္ဘောဒီးယားဖြစ်ပြီး ၂၀၁၀ ၌ ပြောင်းလဲခြင်းဖြစ်ကာ ယူနီကုတ်စနစ်ကို ပြောင်းလဲရန် မြန်မာတစ်နိုင်ငံသာ ရှိတော့ ကြောင်း ဒေါက်တာထွန်းသူရသက်ကပြောသည်။

အောက်တိုဘာ ၁ ရက်တွင် ပြောင်းလဲမည့် ကဏ္ဍငါးခုအနက် ဆက်သွယ်ရေး အော်ပရေတာ ကဏ္ဍတွင် SMS ပေးပို့ခြင်းနှင့် USSD ကုတ်လုပ်ဆောင်ချက်များ၌ ယူနီကုတ်စနစ်ကို အသုံးပြုရမည်ဖြစ်ပြီး အသုံးပြုသူမှတ်ပုံတင်ခြင်းစနစ်၌လည်း ယူနီကုတ် စနစ်ဖြင့် ပြောင်းလဲကျင့်သုံးရမည် ဖြစ်သည်။

အလားတူ ဟန်းဆက်ထုတ် လုပ်သူများသည် မြန်မာစာယူနီ ကုတ်စနစ်ကို အထောက်အပံ့ပေး သည့် OS များ တင်သွင်းဖြန့်ချိရမည်ဖြစ်သည်။ ယူနီကုတ်စနစ် ပြောင်းလဲအသုံးရမည့် ဆားဗစ် စင်တာ ခေါင်းစဉ်အောက်တွင် မိုဘိုင်းဖုန်းဆိုင်များ၊ မိုဘိုင်းဟန်း ဆက်ပြုပြင်ရေးဆိုင်များ ပါဝင် သည်။ Content Providers ခေါင်း စဉ်အောက်တွင် သတင်းအေဂျင် စီများ၊ ငွေကြေးဆိုင်ရာအဖွဲ့အ စည်းများ၊ NGO၊ CSOနှင့် ဆော့ဖ် ၀ဲကုမ္ပဏီများ ပါဝင်သည်။ နည်းပညာဆိုင်ရာအဖွဲ့အစည်း ခေါင်းစဉ်အောက်တွင် အသင်းအဖွဲ့ များ၊ Developer များ၊ Techni-cian များ ပါဝင်သည်။

No comments:

Post a Comment