Monday, July 8, 2019

ခေါင်းစွပ်တပ် ကစားရသဖြင့် အခက်အခဲအချို့ ကြုံတွေ့ဟု ကျော်ဇင်ထက်ပြော

ရန်ကုန်နှင့် ရတနာပုံပွဲ တွင် ဦးခေါင်းထပ်မံထိခိုက်မှု မဖြစ်စေရန် ခေါင်းစွပ်တပ်၍ ကစားရသဖြင့် အခက်အခဲအချို့ကြုံရကြောင်း ဂိုးသမား ကျော်ဇင်ထက်က ပြောသည်။ေ ကျာ်ဇင်ထက်သည် ပြီးခဲ့ သည့် ရန်ကုန်နှင့်ရှမ်းပွဲတွင် ဇင် မင်းထွန်းနှင့် ဘောလုံးယှဉ်လု ခိုက် ဦးခေါင်းထိခိုက်မိပြီး ဆေးရုံ သို့ အရေးပေါ်ရောက်ကာ ကုသ ခဲ့ရသည်။ လက်ရှိတွင် ဒဏ်ရာ ပြန်လည်သက်သာသော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကြောင့် ဦးခေါင်းစွပ်တပ်ဆင်၍ ကစား ခြင်းဖြစ်သည်။



ဇူလိုင် ၆ ရက်က  YUFC ကွင်းတွင် ယှဉ်ပြိုင်သည့် ရန်ကုန် နှင့် ရတနာပုံပွဲ၌ ကျော်ဇင်ထက် သည် ဦးခေါင်းစွပ်ဖြင့် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။ ယင်းပွဲတွင် ရန်ကုန်အသင်းက တိုက်စစ်မှူး သန်းပိုင်၏ သွင်းဂိုးကြောင့် ရတ နာပုံကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။

‘‘ခေါင်းစွပ်ကို တစ်ပွဲလုံး တပ်ထားရတော့ အရမ်းပူတယ်။ ခေါင်းကို လှောင်ထားသလို ခံစား ရတယ်။ စိတ်ထဲ နည်းနည်း ချုပ် ထားသလိုဖြစ်နေတယ်။ ကျန်တာ တော့ အကုန်အဆင်ပြေတယ်။ ထိခိုက်မှာကို သိပ်စိတ်မပူရတော့ ဘူး။ ထွက်ဆွဲဘောတွေတော့ နည်းနည်း သတိထားနေရပါ တယ်’’ ဟု ကျော်ဇင်ထက်ကပြော သည်။

ယခုနှစ်  ဘောလုံးရာသီကုန်အထိ ခေါင်းစွပ်တပ်ကစားရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အသက် (၂၉) နှစ်အရွယ် ကျော်ဇင်ထက်သည် ရန်ကုန်အ သင်းနှင့် မြန်မာ့လက်ရွေးစင် အ သင်း၏ အဓိကဂိုးသမားဖြစ် သည်။ ကျော်ဇင်ထက်သည် မြန်မာ့ ဘောလုံးလောကတွင် ပထမဆုံးဦးခေါင်းစွပ် တပ်ဆင်ကစားသည့်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

No comments:

Post a Comment