Monday, July 8, 2019

မေနှင့်ဇွန်လအတွက် အကောင်းဆုံးနည်းပြဆုကို ရှမ်းအသင်းနည်းပြ ဦးအောင်နိုင်ရရှိ

 မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ မေလနှင့်ဇွန်လ အကောင်းဆုံးနည်းပြဆုကို ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင်က ရရှိခဲ့သည်။ ရှမ်းအသင်းနည်းပြ ဦး အောင်နိုင်သည် မေလနှင့် ဇွန်လ အတွင်း ယှဉ်ပြိုင်ကစားခဲ့သော မြန်မာလိဂ်ပွဲစဉ်များတွင် နှစ်ပွဲ နိုင်၊ သုံးပွဲသရေရရှိအောင် စွမ်း ဆောင်နိုင်ခဲ့ပြီး ပွဲစဉ်(၁၄) အပြီး ရမှတ် ၂၆ မှတ်ဖြင့် အဆင့်(၂)နေ ရာ၌ ရပ်တည်နိုင်အောင် ဆောင် ရွက်နိုင်ခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက် သည် ပွဲစဉ်(၁၄)ကစားပြီးချိန် အထိ  ရှုံးပွဲမရှိစံချိန်ပါ  ရယူထားနိုင်သည်။


ရှမ်းအသင်းသည် ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအ ဆင့်သို့ တက်ရောက်ခဲ့ပြီးစက်တင် ဘာ ၂၁ ရက်တွင် ရန်ကုန်အသင်း နှင့် ဗိုလ်လုမည်ဖြစ်သည်။

မေလနှင့်ဇွန်လအတွက် အ ကောင်းဆုံးနည်းပြဆု ရရှိသည့် ဦးအောင်နိုင်ကို ဆုတံဆိပ်နှင့် ဆု ကြေးကျပ်တစ်သိန်း ချီးမြှင့်ခဲ့ သည်။

အဆိုပါ အကောင်းဆုံးဆုကို ဇူလိုင် ၆ ရက် တောင်ကြီးမြို့တွင် ယှဉ်ပြိုင်သည့် ရှမ်းနှင့် ဒဂုံအသင်း ပွဲစဉ်မတိုင်မီ ပေးအပ်ခဲ့ခြင်းဖြစ် သည်။ ၂၀၁၉ မြန်မာလိဂ်ပွဲစဉ် (၁၅) အပြီးတွင် ရှမ်းအသင်းက ခုနစ်ပွဲနိုင်၊ ရှစ်ပွဲသရေ ရှုံးပွဲမရှိ စံချိန် ရမှတ် ၂၉ မှတ်ဖြင့် အမှတ် ပေးဇယား ဒုတိယနေရာတွင် ရပ် တည်နေသည်။

No comments:

Post a Comment