Monday, July 8, 2019

"အင်ဒိုမှာ ရစ်ခ်ျတာစကေး ၇.၁ ရှိ ငလျင်ကြီးလှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်"

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ မြောက်ပိုင်းဆူလာဝေစီ ကမ်းလွန်ပင်လယ်ပြင်မှာ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားဘူမိရူပဗေဒဌာ (Indonesian Geophysics Agency - BMKG) က ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြီးဟာ ဒေသစံတော်ချိန် ယနေ့ (ဇူလိုင် ၇ ရက်) ည ၁၀ နာရီ ၈ မိနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ BMKG က ပြောပါတယ်။ ငလျင်ဟာ မြောက်ပိုင်းဆူလာဝေစီနဲ့ မြောက်ပိုင်းမာလူကူ ပြည်နယ်နှစ်ခုကြား Molucca ပင်လယ်မှာ ဗဟိုပြုပြီး မြေအောက်အနက် ၁၅ မိုင်ခန့်မှာ လှုပ်ခတ်သွားခဲ့ကြောင်း US Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။



အင်ဒိုနီးရှားသတင်းစာ Warta Kota က အွန်လိုင်းမှာဖော်ပြခဲ့မှုအရ ငလျင်လှုပ်မှုကို မင်ဒါနာအိုမြို့နဲ့ ပတ်ဝန်းကျင် နေရာများမှာ ခံစားသိရှိခဲ့ရတယ်လို့ CNA သတင်းက ပြောပါတယ်။ လတ်တလော ကမ္ဘာ့နိုင်ငံများမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုအဖြစ် ဇူလိုင် ၅ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ကယ်လီဖိုးနီးယားဒေသမှာ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ -လတ်တလော သတင်းဖြစ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲသတင်းနဲ့ အချက်အလက် အပြောင်းအလဲများ ရှိလာနိုင်ပါတယ်

No comments:

Post a Comment