Monday, July 8, 2019

‘အဖေ့စကား’သီချင်းကို နားထောင်ပြီး မျက်ရည်ကျတဲ့ မိုးအောင်ရင်

 မြင့်မြတ်နှင့် ရုပ်ရှင် တစ်ကား ရိုက်ကူးရန် အစီအစဉ် ရှိကြောင်း မကြာမီလပိုင်းအတွင်း က အကျဉ်းထောင်မှလွတ်မြောက် လာသည့် မိုးအောင်ရင်ကပြော သည်။ ‘‘သူငယ်ချင်းနှစ်ယောက် ဇာတ်လမ်း။ အတိအကျတော့ မသိရသေးဘူး။ ဇာတ်ညွှန်းမရ သေးလို့။ ဇာတ်ညွှန်းရပြီးမှပဲ ပြင် ဆင်မှုတွေလုပ်ရမှာ။ ရှစ်လပိုင်း လောက် ရိုက်မယ်ပြောတယ်’’ ဟု ၎င်းကပြောသည်။ြ မင့်မြတ်နှင့်ယခင်ကတည်း က ခင်မင်သောကြောင့် ရိုက်ကူး ချိန်တွင်လည်း ၎င်းကို  ဖေးမမည်ဟုထင်ကြောင်း  မိုးအောင်ရင်က ပြောသည်။



အကျဉ်းထောင်ထဲ၌ နေခဲ့ရ သည့် စိတ်အနေအထားကို ဖျောက်လိုသောကြောင့် လွတ် မြောက်လာချိန်တွင် သာသနာ့ ဘောင်သို့ဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘အဲဒါကတော့ Mentally အရပေါ့။ Physically အရတော့ လက်ဝှေ့ထိုးနေတယ်။ တစ်ပတ် မှာ ခြောက်ရက်လောက်ကိုသွား ဖြစ်တယ်။ တစ်လလောက်တော့ ရှိပြီ’’ဟု မိုးအောင်ရင်က ပြော သည်။

အကျဉ်းထောင်တွင် နေ ထိုင်ခဲ့ရသည့်အချိန်က အနုပညာ အလုပ်များ ဆက်လက်လုပ်ခွင့်မရ မည်ကို စိုးရိမ်ခဲ့ကြောင်း၊ ဇာတ် ကားရိုက်ကူးရန် ကမ်းလှမ်းခဲ့ သည့် လပ်ကီးဆဲဗင်းထုတ်လုပ် ရေးမှ ကိုအုန်းဝင်းကိုလည်း ကျေး ဇူးတင်ကြောင်း ၎င်းကဆိုသည်။

‘‘ပထမတုန်းက ငါ့ကို ရိုက် ပါ့မလားဆိုတဲ့စိုးရိမ်စိတ်ရှိတယ်။  အဲဒါအပြည့်ပဲ။ အဖေကလည်း နိုင်ငံခြားကိုခေါ်သွားဖို့ လုပ်နေ တာဆိုတော့’’ဟု မိုးအောင်ရင်က ပြောသည်။

အကျဉ်းကျခံနေရသည့် အ ချိန်က ဖခင်ဖြစ်သူအောင်ရင်သီ ဆိုထားသည့် ‘အဖေ့စကား’ သီချင်းကို နားထောင်၍ မျက်ရည် ကျခဲ့ရသလို ဖခင်ကိုလည်းသနားမိကြောင်း ၎င်းကဆိုသည်။

‘‘ပရိသတ်တွေကိုတော့ကျွန် တော်ဆက်လက်ပြီး ကြိုးစားပါ့ မယ်။ အပြောထက်စာရင် အလုပ် နဲ့ပဲ သက်သေပြချင်ပါတယ်။အား လုံးဆက်ပြီးအားပေးကြပါ’’ ဟု မိုးအောင်ရင်ကပြောသည်။
မိုးအောင်ရင်သည် ၂၀၁၆ တွင် မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ယခုနှစ် မေလ ၇ ရက်က သမ္မတ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာခြင်းဖြစ်သည်။

No comments:

Post a Comment