Monday, July 8, 2019

စစ်ပွဲဒဏ် ငါးနှစ်ကြာကြုံပြီးနောက် ယီမင်နိုင်ငံ၏ အခြေအနေ အဆိုးရွားဆုံးသို့ရောက်ရှိ

ယီမင်နိုင်ငံ မြို့တော်ဆာနာအတွက် မဟာဗျူဟာကျသော ဝင်ပေါက်တစ်ခုဖြစ်သည့် Amran မြို့ ရှိ ဒေသခံအများစုကဲ့သို့ပင် မိုဟာမက်အယ်လ်နာ့ခ်ျရီသည်လည်း လွန်ခဲ့သည့်ငါးနှစ်တွင် ဟူသီသူပုန်တို့၏ မြို့သိမ်းပိုက်မှုသည် ကာလကြာရှည်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။ သို့သော် တိုက်ပွဲများသည် နိုင်ငံ၏ နယ်မြေများသို့ မြန်မြန်ဆန်ဆန်ပျံ့နှံ့ခဲ့ပြီး အာရပ်ကမ္ဘာ၏ အ ဆင်းရဲဆုံးနိုင်ငံကို ဖွတ်ဖွတ်ညက်ညက် ကြေစေသော ပဋိပက္ခတစ်ခုသို့ ကျရောက်စေခဲ့ပြီး ယခုထိအ ဆုံးမသတ်သေးပေ။



ဆာနာမြို့၏မြောက်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာတွင်ရှိသည့် Amran မြို့ကို အီရန်ကျော ထောက်နောက်ခံပြု ဟူသီသူပုန်တို့က ၂၀၁၄ ခုနှစ် ဇူလိုင်  ၈ ရက်တွင် သိမ်းပိုက်ခဲ့ကြသည်။ ယင်းသည်  ပထမဆုံးအရေးပါသည့် ကျရှုံးမှုဖြစ်ခဲ့ပြီးနောက် စစ်ဆင်ရေးတစ်ခု စတင်ခဲ့မှုတွင် သူပုန်များက နိုင်ငံတကာအသိအမှတ်ပြု အစိုးရထံမှ ယီမင်နိုင်ငံ၏ နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူအဝိုင်းခံရသောအစိုးရအဖွဲ့က လွန်ခဲ့သည့်နှစ်နှစ်တွင် ဗဟိုဘဏ်ကို ဆာနာမှ အေဒင်သို့ ပြောင်းရွှေ့ခဲ့သည့်အချိန်မှစပြီး Amran ရှိ ပညာရေးဝန်ကြီးဌာနရုံးတွင် နာ့ခ်ျရီသည် လစာမရဘဲ လုပ်ကိုင်ခဲ့ရသည်။

“စစ်စဖြစ်ခဲ့ပြီး အချိန်ငါးနှစ်ကြာခဲ့ပြီဖြစ်ပေမယ့်  လုပ်စရာတွေ အများကြီးရှိနေဦးမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေက ပိုမိုယိုယွင်းလာပြီ။ အဆိုးဆုံးအခြေအနေကို ရောက်နေပြီ။ အရာအားလုံးက ယိုယွင်းနေပြီ”ဟု အသက် ၄၀ အရွယ် အစိုးရ ဝန်ထမ်းတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဟူသီသူပုန်တို့ Amran မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် သတင်းရယူရန် ゞင်း၏မြို့၌ပင် ဆက်လက်နေထိုင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ် ဂျာနယ်လစ် မိုဟာမက်တာဟာက  ငြိမ်းချမ်းရေးအလားအလာကို  ထည့်သွင်းစဉ်းစားထားခြင်းမရှိဟု ပြောကြားခဲ့သည်။

“စစ်ပွဲငါးနှစ်ကြာဖြစ်ပွားမှုက  ကျွန်တော့်ဘဝနဲ့ မိသားစုကို နေသားတကျဖြစ်ဖို့အတွက် လုံလောက်နေပါပြီ။ အစပိုင်းမှာ စစ်ကြောင့် ကျွန်တော်တို့တွေ ထိခိုက်ခဲ့တာ အမှန်ပါပဲ။ စစ်ရဲ့အကျိုးဆက်တွေနဲ့ အတူ ကျွန်တော်တို့ အသက်ရှင်နေထိုင်ခဲ့တယ်။ စစ်ပွဲဆက်ဖြစ်မလား၊ အဆုံးသတ်တော့မှာလားဆိုတာကို ကျွန်တော် ဂရုမစိုက်တော့ပါဘူး” ဟု တာဟာက ဆိုသည်။

ယီမင်သည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် တွေ့ကြုံနေပြီး လူသန်းနှင့်ချီသည် အငတ်ဘေးကျရောက်လုနီးနီး အခြေအနေဖြစ်နေပြီဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။

စစ်ပွဲအတွင်း ရာနှင့်ချီသော ကလေးများအပါအဝင် ထောင်နှင့်ချီသော အရပ်သားများ သေဆုံးခဲ့ပြီး သောင်းနှင့်ချီထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အစိုးရကို ကူညီပံ့ပိုးသည့်အနေဖြင့် ၂၀၁၅ ခုနှစ် မတ်တွင် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ကြားဝင်ခဲ့ပြီးနောက် အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာရေး၊ ပညာရေးနှင့် အခြားဝန်ဆောင်မှုများသည် ယိုယွင်းလာခဲ့သည်။

Amran  တွင် သူပုန်များက မောင်းပြန်ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ပြီး နေ့ရောညပါ  နိုးနိုးကြားကြား စောင့်ကြည့်နေသလို တော်လှန်ရေးဆောင်ပုဒ်များသည် မြို့ဟောင်းရှိ ရွှံ့နှင့် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများ၏ နေရာအနှံ့ တွင် ပျံ့နှံ့နေသည်။

ဆောင်ပုဒ်တစ်ခုတွင် “အမေရိက ကျဆုံးရမယ်။ အစ္စရေး ကျဆုံးရမယ်။ ဂျူးတွေ ဘေးသင့်။ အစ္စလာမ်အတွက် အောင်ပွဲ”ဟု ရေးသားထားသည်။
Amran မြို့ ဟူသီသူပုန်တို့ လက်သို့ ကျရောက်ခဲ့ချိန်တွင်  ဆာနာနှင့် ကျန်ဒေသများသို့ သိမ်းပိုက်မည့် သူပုန်တို့၏ စစ်ဆင်ရေးအစီအစဉ်များကို မည်သူကမှ သတိပြုမိခဲ့ခြင်းမရှိဟု ယီမင်အစိုးရတာဝန်ရှိသူနှစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

Amran သည် သမိုင်းကြောင်းအရ ယီမင်တွင် အဓိကကျသည့် နယ်ပယ်တစ်ခုဖြစ်ပြီး နှစ် ၁၀ဝ သက်တမ်းရှိသည့် Shaharah တံတားအပါအဝင် အရေးပါသည့်  ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အဆောက်အအုံများရှိသည့် နေရာလည်းဖြစ်သည်။

ထို့ပြင် ယီမင်ရှိ ဂျူးများ ၁၉၄၉ -၁၉၅ဝတွင် အစ္စရေးသို့ မသွားရောက်မီ နောက်ဆုံးနေထိုင်ခဲ့သည့်  Raydah မြို့ရှိရာ နေရာလည်းဖြစ်သည်။

ဆာနာနှင့် မြောက်ဖက်စွန်းရှိ သူပုန်တို့၏ အမာခံနယ်မြေဖြစ်သော Saada အကြား မဟာဗျူဟာ ကျသောနေရာတစ်ခုသည်လည်း Amran တွင် တည်ရှိနေသည်။  ယင်းနေရာသည် ယီမင်၏ သြဇာ လွှမ်းမိုးမှုအရှိဆုံး မျိုးနွယ်စုဖြစ်သော Hashid တို့ နေထိုင်ရာအရပ် ဖြစ်သည်။

ဟူသီသူပုန်တို့သည် Amran မြို့ကို နှစ်လကြာဝန်းရံခဲ့ပြီး အစိုးရတပ်ဖွဲ့ဝင်များကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် တောင်ပိုင်းတွင် ဆက်လက်လှုပ်ရှားခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် မြို့တော်ကို သိမ်းပိုက်ခဲ့သည်။       

အစိုးရက အကြီးစားစစ်ဆင်ရေးများနှင့် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း မြို့ကို သိမ်းပိုက်ခဲ့ပြီး လ ၆၀ အကြာအထိ သူပုန်များသည် စစ်မြေပြင်တွင် အသာစီးရနေဆဲဖြစ်သည်။

သူပုန်များသည် ဆာနာနှင့်  မဟာဗျူဟာကျသည့် ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒေးဒါအပါအဝင်  မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများရှိ မြို့များစွာကို  ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။ ゞင်းတို့သည် တောင်တန်းဒေသများတွင် ゞင်းတို့၏ တိုက်ပွဲအတွေ့အကြုံများကို ခိုင်ခိုင်မာမာ အသုံးချခဲ့သည်။

သို့သော် စစ်ပွဲက ယီမင်ကို ဖွက်ဖွက်ညက်ညက် ဖျက်ဆီးခဲ့သည်။ ကုလသမဂ္ဂ ကမကထပြုသည့် ဆွေးနွေးပွဲများတွင် သူပုန်နှင့် အစိုးရတို့သည် အကျော့ပေါင်းများစွာ ပါဝင်ခဲ့သည်။ နောက်ဆုံးဆွေးနွေးပွဲကို ဆွီဒင်၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ကျင်းပခဲ့သော်လည်း သွေး ထွက်သံယိုစစ်ပွဲ အဆုံးသတ်ရန်အတွက် သဘောတူညီမှုမရခဲ့ပေ။

ယီမင်နိုင်ငံသား ၃.၃ သန်းသည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နိုင်ငံလူဦးရေး၏ သုံးပုံနှစ်ပုံနီး ပါးသည် အကူအညီ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

“ယီမင်နိုင်ငံက ပြိုလဲတော့မယ့်ဆဲဆဲ အခြေအနေ မဟုတ်ပါဘူး။ ပြိုလဲနေပါပြီ။ ယီမင်က တကယ့်ကို ပြိုလဲနေပြီ” ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၏ ဒေသတွင်းဆိုင်ရာ အရှေ့အလယ်ပိုင်းနှင့် အရှေ့ဆိုင်ရာဌာနေဒါရိုက်တာ Fabrizio Carboni က ဇူလိုင် ၄ ရက်တွင် ဂျီနီဗာ၌ ပြောကြားခဲ့သည်။

No comments:

Post a Comment