Monday, July 8, 2019

ချင်းရွှေဟော်မြို့သို့မောင်းနှင်လာသည့် ယာဉ်အားရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါး သိန်း ၈၈၃၈၀၀၀၀ ကျပ်ဖိုး ဖမ်းဆီးရမိ

Image may contain: one or more peopleImage may contain: one or more peopleရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့၊ရာဘာကုန်းစစ်ဆေးရေးစခန်းရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ လောက်ကိုင်မြို့ဘက်မှ ချင်းရွှေဟော် မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ စတီးချောင်းများနှင့် သိန်း ၈၈၃၈၀၀၀၀ ကျပ်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၇ရက်၊ ညနေ ၄နာရီအချိန်ခန့်က ကျိန်ဝေနိမ် (၃၇ နှစ် ) ကျုံကျိုင်းကျေးရွာ၊ကွမ်းလုံမြို့နယ် နေသူမောင်းနှင်ပြီး ရင်ထိုက်ယွဲ့ (၃၂ နှစ်) ၊ တာပုံကျေးရွာ ၊ လာရှိုးမြို့နေသူလိုက်ပါလာသော ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်း နှင်သူ၏ ထိုင်ခုံအောက်တွင် စက္ကူ ဂျက်ဖာအတွင်းမှ အရှည် ၄ လက်မခွဲ လုံးပတ် ၀ ဒဿ မ ၅လက်မ ရှိ စတီးချောင်း ၄၄ ချောင်း ၊တစ်ချောင်းလျင် ၄ သောင်း ကျပ်နှုန်းဖြင့် ၁၇ သိန်း ၆ သောင်းကျပ် ၊၁ လက်မ ပါတ်လည် သံလုံးကွင်း ၂၂ ခု ကာလတန်ဘိုး ၂ သိန်း ၂ သောင်းကျပ်အားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့မှ ယာဉ်အားဆက်လက်ရှာဖွေရာတွင် ကားအင်ဂျင်ရှေ့ခန်းအတွင်း ZH ENG BANG တံဆိပ်ပါ ၊အဝါရောင် ဆာလာအိတ်အတွင်းပလပ်စတစ်အကြည်ဖြင့်ထုတ်လျက် ဘိန်းဖြူ ၃၃၀ ဂရမ်ပါ ၄ ထုပ် ၊ကာလတန်ဘိုး သိန်း၂၆၄ ၀၀၀၀၀ ကျပ် နှင့် ပလပ်စတစ်အကြည်ဖြင့် ထုတ်လျက် စိတိကြွရူးသွပ်ဆေးပြားထုတ်လုပ်ရန် အသင့်ရောစပ်ထားသည့် အနီရောင်အမှုန့် ၂ ကီလိုဂရမ်စီပါ ၂ ထုတ်၊ ပေါင်း ၄ ထုပ် ၁ ကီလိုဂရမ်လျင် သိန်း ၁၅၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၆၀၀နှင့် စုစုပေါင်း မူးယစ်ဆေးဝါထုတ်လုပ်ရာအသုံးပြု သည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ၏တန်ဘိုး ကျပ်သိန်းပေါင်း ၈၈၃၈ ၀၀၀၀ ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ယင်းသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ လက်ရှိတွင် ဆေးဝါးများသယ်ဆောင်လာသူ ကျိန်ဝေနိမ်နှင့် ရင်ထိုက်ယွဲ့တို့ကို ချင်းရွှေ ဟော်နယ်မြေရဲစခန်းမှ မယ(ပ) ၃/၂၀၁၉ မူး/စိတ် ဥပဒေပုဒ်မ ၁၆(ခ)/၁၉(က)ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိ ရှိရသည်။

No comments:

Post a Comment