Monday, July 8, 2019

တရုတ်နိုင်ငံက သံအမတ်ကြီးပြောင်းလဲပြီးနောက် လပိုင်းအကြာ မြန်မာကလည်း သံအမတ်ကြီးအသစ်ခန့်အပ်မည် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေကို သံအမတ်ကြီး အမည်စာရင်းပေးထား

တရုတ်နိုင်ငံက မြန်မာ နိုင်ငံဆိုင်ရာသံအမတ်ကြီးကို အ ပြောင်းအလဲပြုလုပ်ပြီး လပိုင်းအ ကြာတွင် မြန်မာအစိုးရကလည်း  တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီးကို ပြောင်းလဲခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန သည် တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းကို  ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ကြောင်း ဇူလိုင် ၅ ရက် တွင်ကြေညာခဲ့ပြီး ၎င်းနေရာ၌ ကောင်စစ်ရေးရာနှင့် ဥပဒေ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးသန့်ဖေကို ခန့်အပ် တာဝန်ပေးရန် စီစဉ်ခြင်းဖြစ် သည်။



‘‘လက်ရှိသံအမတ်ကြီးက ဟိုနေ့က ကမ္ဘောဒီးယားသံအ မတ်ကြီးအဖြစ်ရွှေ့လိုက်တယ်ဆို တော့ ဦးသစ်လင်းအုန်းနေရာကို သွားဖို့ရှိမယ်။ ဌာနတွင်းဆောင် ရွက်နေတဲ့လုပ်ငန်းစဉ်ပေါ့’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့် မြင့်အရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် အထက်ပါ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့် ဖေကို တရုတ်နိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်  ဘေဂျင်းအစိုးရ၏ သဘောတူညီ ချက်ရယူထားပြီး သဘောတူညီ ပါက တရားဝင်သတင်း ထုတ်ပြန် မည်ဖြစ်ကြောင်း အဆင့်မြင့်အရာ ရှိက ရှင်းပြသည်။

ကောင်စစ်ရေးရာနှင့် ဥပဒေ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးသန့်ဖေသည် ဂျပန်၊  တောင်ကိုရီးယားနိုင်ငံတို့တွင် သံ မှူး၊ သံမှူးကြီးအဖြစ် တာဝန်ထမ်း ဆောင်ဖူးပြီး သံအမတ်ကြီးအဖြစ် ပထမဆုံးအကြိမ် တာဝန်ထမ်း ဆောင်မည်ဖြစ်သည်။

ထို့အပြင် ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးသန့်ဖေသည် တတိယ အကြိမ် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ် နိမိတ်ပူးတွဲစစ်ဆေးရေးဆိုင် ရာကြိုတင်ပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် မြန်မာကိုယ်  စားလှယ်အဖွဲ့၏  ခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခံရသူ ဦး သစ်လင်းအုန်းသည် ၂၀၁၄ဇူလိုင် ကတည်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ငါးနှစ် ခန့်ကြာ တာဝန်ယူခဲ့သည်။

လက်ရှိအစိုးရလက်ထက် တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်သုံးဦးကို ဆွစ်ဇာလန်၊ တောင်ကိုးရီးယား  နှင့် ချက်နိုင်ငံတို့၏မြန်မာသံအ မတ်ကြီးများအဖြစ် ခန့်အပ်ခဲ့ သည်။ ယခုနှစ် ဧပြီလကုန်တွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တ ရုတ်နိုင်ငံသို့ သွားရောက်ပြီး  ယင်းခရီးစဉ်အပြီး၌ တရုတ်နိုင် ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို  အပြောင်းအလဲ ပြုလုပ်ခဲ့သည်။  လေးနှစ်ခန့်ကြာ တရုတ်သံအမတ် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ မစ္စတာဟုန်လျန်နေရာတွင် ဇွန်လဆန်းကစ၍ မစ္စတာချန်ဟိုင် က စတင်တာဝန်ထမ်းဆောင်ခဲ့ သည်။

No comments:

Post a Comment